အခုဂျွန်မြောင့်ခေါင်းထဲမှာ ဗလာနတ္ထိ..
ဘာကိုမှမသိလိုက်ဘဲ အာပါးစကားတစ်ခွန်းနဲ့ပြေးထွက်လာမိခဲ့တာဟာ အရူးတပိုင်း..
လမ်းမှာ ကားငှားစီးဖို့ရန်လည်းမေ့နေခဲ့..
သူရှိရာဆေးရုံဆီသို့ဆိုသော စိတ်တစ်ခုတည်းမှန်းဆကာ အပြေးထွက်လာမိခြင်း..
လူကူးမျဉ်းကြားမှာ မီးနီပြနေတာတောင် သတိမထားမိစွာ သူစိတ်များက ဆေးရုံပေါ်ကသူတစ်ဦးတည်းမှာပင်..
ဆေးရုံရောက်သွားတဲ့ခါလည်း ဆေးရုံဝန်းတစ်လျှောက်တိုက်မိခဲ့တဲ့သူလည်းနည်းမည်မထင်..
ဘာကိုမှမစဉ်းစားနိုင်ဘဲ အကုန်ဝင်တိုက်မိခြင်း..
နောက်ဆုံး ဂျွန်မြောင် ခြေချလိုက်တဲ့နေရာကတော့ အရေးပေါ် အခန်းပင်ဖြစ်နေသည်..
သူဘာမှမသိတော့ အခန်းရှေံခြေချလိုက်မိတာနဲ့ သူ့ခြေထောက်ဟာ ခွေကနဲ လဲကျသွားသည်
သူပြန်မထနိုင်ပါ ပြန်ထဖို့ပင်မေ့နေသည်လား
ရင်တေကွဲမတတ်အော်ဟစ်ကာငိုယိုနေသည်မှာ ယောက်ကျားလေးတစ်ယောက်အတွက်ဖြစ်သင့်သည်လားမသိ
မျက်ရည်များစွာဖြင့်ငိုနေသည်မှာ အသံပင်မထွက်နိုင်လောက်တော့တဲ့ထိ
နာကြင်ရပါသည် ရင်ထဲမှာ တစ်စုံတစ်ခုကိုဆုံးရှုံးရမှာစိုးသည့်ကြောက်စိတ်က ဖြေမဆည်နိုင်
ကူကယ်ရာမဲ့နေသူတစ်ယောက်လို မျှော်လင့်စွာတွေ့ချင်နိသော တစ်ယောက်သောသူရှိသော်လည်း ဝင်တွေ့ဖို့မရ
တစ်ယောက်ယောက်များကယ်ကြပါ
သူ့မှာ ငိုယိုရင်း သူမျှော်လင့်ရသူကို နောက်တစ်ကြိမ် တွေ့နိုင်ဖို့ရန် ဆုတောင်းဖို့ပဲတတ်နိုင်ခဲ့သည်
.
.
.
.
.
.
.
.
.
မိနစ်အနည်းငယ်ကြာဆော့ ဂျွန်မြောင့်အဖေနဲ့အမေရောက်ရှိလာသည်တွေ့လိုက်ရတာက ဆယ်ဟွန်းမေမေနှစ့်ဂျွန်မြောင်
ဆယ်ဟွန်းမေမမှာတော့ လက်ရှိနဲ့အဆက်အသွယ်ပျက်နေပုံပေါက်သည့် သူတို့၏သားဖြစ်သူကို အော်ခေါ်နေ၏
YOU ARE READING
JUN
Fanfic' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '