"ဂျွန်"
"ဟင်"
~
"မင်းသိပ်လှတယ်"ယောက်ျားလေးတစ်ယောက်ကို
"လှတယ်"လို့ ခိုင်းနှိုင်းဖို့ရာတွက်
အဲ့ဒီယောက်ျားလေးတစ်ယောက်
ဘယ်လောက်နူးညံ့သိမ်မွေ့ဖို့
လုံလောက်သလဲ
~
မျက်နှာပေါ်မှာဘာအရောင်စုံမိတ်ကပ်မှမလို
သေသပ်စွာ တင်းတင်းစေ့ထားတတ်တဲ့
တစ်ခါတစ်ရံ အတွေးလွန်တတ်တဲ့အခါ
အနည်းငယ် စူလာတတ်တဲ့
လှသွေးကြွယ်လွန်းတဲ့ မင်းနှုတ်ခမ်းပါး
ဆေးဆိုးစရာမလိုပဲ နီဆွေးနေတတ်တာ
မြတ်နိုးချင့်စရာ
~
နောက်ထပ်မြတ်နိုးရတဲ့ "စိတ္တဇ"နာမ်တစ်ခုမင်းရဲ့နှုတ်ခမ်းပါးက
ဖြစ်တည်လာတဲ့ မင်း"အပြုံး"
အေးချမ်းလွန်းလှတယ်
ကိုယ်ဘယ်ငရဲကိုခုန်ဆင်းရမလဲ ဂျွန်
မင်းအပြုံးသာတည်ရှိနေရင်
ကိုယ့်အတွက် ငရဲပြည်ကလည်း
အေးချမ်းရာနိဗ္ဗန် ဖြစ်သွားလိမ့်မယ်
~
ကိုယ့်ဘဝအတွက်အလှဆုံးသောလက်ရာအမြောက်ဆုံးသော
"ပန်းချီကားတစ်ချက်"ကို ညွှန်းပြရမလား
အဲ့ဒီလိုဆိုရင်တော့ ကိုယ်ညွှန်းပြလိုက်မယ်
မျက်စိတစ်ဆုံးမြင်နေတဲ့
ဒီ"အဖြူရောင် ဒေစီ ပန်းခင်း"
အဲ့ဒီ့အဖြူရောင်ပန်းခင်းကြီးအလယ်မှာမှ
"မင်း"ရှိနေတဲ့ အခုချိန်
တစ်ချိန်တည်းမှာပဲ
မင်းရဲ့နှုတ်ခမ်းထက်က"အပြုံး"
အရာအားလုံးပေါင်းစပ်လိုက်ရင်
ကိုယ့်"အသက်ထက်မြတ်နိုးရတဲ့ ပန်းချီ"
YOU ARE READING
JUN
Fanfiction' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '