"အန်တီ"
"ဟင် ဂျွန်လေး လာလေ သား"
"ဟုတ် အန်တီ"
"သား ဂျွန်လေးရယ်
မင်း ဆယ်ဟွန်းကလေ ခုထိမထလာသေးဘူး အန်တီမျှော်နေတာကို နိုးမလာသေးဘူး""အန်တီရယ် ဟွန်း က နိုးလာမှာပါ အန်တီရဲ့ ကျနော်တို့ ယုံကြရအောင်လေနော် ဟွန်းက သူချစ်တဲ့သူတေဆီ ပြန်လာမှာပါ"
မျက်နှာညှိုးငယ်စွာ မျက်ရည်များကြား ပြောလာတဲ့ ဟွန်းမေမေက စကားဆိုလာလေရဲ့
ကျနော်ကိုယ်တိုင်ငိုချင်သော်လည်း အန်တီ့ကို သာ ချော့မော့ပြောရင်း စိတ်ထိန်းထားရသည်
ကျနော့ရင်ထဲတွင်တော့ အကြိမ်ကြိမ် တောင်းမိနေသည်က ဆုတစ်ခုရယ်သာ
~အရှင်ဘုရား
ဟွန်း အမြန်သတိရလာပါစေ...~ကျနော် ဟွန်းရဲ့ကုတင်အနားကိုကပ်သွားလိုက်တယ်
ခေါင်းမှာ အဖြူရောင် ပတ်တီးစနဲ့ ကျနော်
ချစ်ရတဲ့ ဟွန်း~သူနာကျင်နေမှာဘဲ~
ကံကြမ္မာရယ် ကျနော်သာ နာကျင်လိုက်ပါတော့လား~
ဟွန်း ပိန်ကျသွားလိုက်တာများ~
အဖြူရောင်ကုတင်ပေါ်က လဲလျောင်းနေတဲ့သူ~
ဂျွန်ပြောနေတယ်လေ ဟွန်း~
/ဟွန်း အမြန်ဆုံး သတိရလာပါတော့နော်
ဂျွန် တို့စောင့်နေတယ် /"သား ဂျွန်လေး
ပြန်ရင်ပြန်တော့လေသား နားလိုက်တော့
ပင်ပန်းနေမယ်""ရပါတယ် အန်တီရဲ့ ကျနော် နေချင်လို့ပါ"
ကျနော့်ကို အားနာစွာဖြင့်နားခိုင်းနေသောအန်တီရယ်
ကျတော် ငြင်းပါရစေ သူ့အနားကမသွားပါရစေနဲ့
ကျနော့်မနက်ခင်းတိုင်းမှာ သူပါနေတတ်တဲ့အခါ သူ့အသံတေကြားနေတတ်တဲ့အခါ
အခုလိုသူအသံလေးမကြားရတဲ့အချိန်ဆို
ကျနော် ရင်ထဲ အထီးကျန်နေရတာ ကျနော်သာအသိဆုံးဖြစ်ပါလိမ့်မယ် အန်တီရယ်

YOU ARE READING
JUN
Fanfiction' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '