ဒီနေ့ ကျောင်းပိတ်ရက်ကို ဂျွန်ဘာလို့မလာသေးပါလိမ့်
ဆယ်ဟွန်းတစ်ယောက် ကုတင်ပေါ်ထိုင်နေရင်း သူ့ရဲ့အသည်းနှလုံးလေး ပေါ်မလာသေးလို့တမျှော်မျှော် စောင့်နေလေရဲ့
"ဆယ်ဟွန်း"
ခေါ်သံကြားလို့ ဆေးရုံတံခါးလေးဘက်ကိုလှည့်ကြည့်မိဆော့ မျှော်နေတဲ့သူမဟုတ်ဘဲ ဒေါက်တာပတ် ဖြစ်နေသေးသည်
အချစ်ကလေးမလာသေးပါလေ..
"ဟုတ် ဒေါက်တာပတ်"
"အကိုလို့ပဲခေါ်ပါ ဆယ်ဟွန်းရဲ့"
"ဟုတ် အကိုချန်ယောလ်"
"အကိုမင်းကို နောက်တစ်ပတ်လောက်နေရင် ဆေးရုံကဆင်းလို့ရပြီလို့လာပြောတာ
ဆေးထိုးဆေးသောက်ကတော့ပုံမှန်လုပ်ပေးရအုံးမယ်
ရက်ချိန်းကို အကိုဖုန်းနဲ့လှမ်းပြောပေးမယ်
အတိအကျလာပြီး ဆေးထိုး ဆေးပြလုပ်ပေးဖို့ပဲ"
"ဟုတ်ကဲ့ အကို ကျေးဇူးတင်ပါတယ်"
"ရပါတယ်ကွာ ပြီးတော့ အကိုအကြံပေးချင်တာက ဆေးရုံကဆင်းရင် စိတ်အပန်းပြေစေမဲ့နေရာလေးသွားကြည့်
ခရီးလည်းမပန်းစေနဲ့ ခရီးတိုပေါ့ကွာပြောရရင်
လေကောင်းလေသန့်ရပြီး စိတ်ကြည်စေမဲ့နေရာလေး သွားနေပေးရင်ကောင်းမယ်"
"ဟုတ်ကဲ့ အကို ကျေးဇူးပါ သွားဖြစ်အောင်သွားလိုက်ပါ့မယ်"
"ဟုတ်ပြီ အကို မင်းအာပါးတို့ကိုလည်းပြောထားလိုက်မယ်
နောက်အပတ်သာ ဆေးရုံဆင်းဖို့ပြင်ထားတော့
ကိုယ်ခုတော့ roundလှည့်လိုက်အုံးမယ်"
"ဟုတ် အကို ဂရုစိုက်သွားပါဗျ"
ဆယ်ဟွန်း ဂျွန့် ကိုစောင့်ရင်းစောင့်ရင်း နေမွန်းတည့်ခါနီးသည်အထိပေါ်မလာသေးပေ
သူကသာစောင့်တဲ့နေရာ တစ်ခုပြီးတစ်ခုပြောင်းသွားသည်
"ဒေါက် ဒေါက်!!"
ဆေးရုံအခန်းတံခါးကို လက်နဲ့နှစ်ခါလောက်ခေါက်သံကြားလို့ လှည့်ကြည့်မိတော့ ဟူဒီလေးကိုခေါင်းပါစွပ်ဝတ်ထားတဲ့ ကျွန်တော့ရဲ့နှစ်ယောက်မရှိရတဲ့ ဂျွန်..
YOU ARE READING
JUN
Fanfiction' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '