"ဂျွန်~"
"ဟင်~"
"အဟက်!"
"ဘာရယ်တာလဲ"
တကယ်ပါ ဖက်ထားရင်းနဲ့ ပလုံးပထွေးပြန်ထူးသံလေးက အလွန်အသဲယားစရာကောင်းနေသည်လေ..
အိုဆယ်ဟွန်းရဲ့အချစ်ခံလေး လုံးလုံးဖြစ်နေပြီ ..
"ထအုံးလေကွာ
ငိုလို့မဝသေးဘူးလား ဟင်!""ဟင့်! ထပြီ ခနလေး ငါဆရာဝန်သွားခေါ်လိုက်အုံးမယ်"
ပြောခါမှ ကိုယ့်ရင်ဘတ်ပေါ်ငိုနေရာကနေ ထသွားတဲ့ သူ
ကျနော့်ရင်ဘတ်ပေါ်လည်း သူ့မျက်ရည်တေရွှဲလို့
ကိုယ့်ရင်ဘတ်ပေါ်မှာ သူမှေးစက်နေတာ ခံစားရမိတဲ့အခါ ကျနော့်ရင်ထဲကတသိမ့်သိမ့်နဲ့
အသက်ရှုဖို့တောင်မေ့တယ်
"ဟုတ်ပါပြီ မျက်နှာသစ်အုံး နှပ်ချီးတေနဲ့ အာပေတူးလေးဖြစ်နေပြီ"
"ဖြစ်ဖြစ်ပေါ့
ပျော်လို့ငိုတာပဲဟာကို
လာပြီး ပြောနေတယ်
သူစောင့်နေရတာမဟုတ်တိုင်း
ဒီကတော့ သူသတိရဖို့စောင့်ခဲ့ရတာ
စောင့်ရတာမတန်ဘူး
အရူး!
လာမခေါ်နဲ့!""ဟားဟား!"
ဆယ်ဟွန်း ထိုင်သာရယ်နေမိတော့သည် နှုတ်ခမ်းလေးလှုပ်စိလှုပ်စိနဲ့ ပွစိပွစိပြောသွားတာ ကလေးအတိုင်း
အိုဆယ်ဟွန်းတို့ နှလုံးခုန်ရပ်ပြီး ပြန်မေ့သွားရင် အဲ့ကလေးစုတ် တာဝန်ယူဖို့ပြင်ထားပေတော့ ဟွန်း~
ဆယ်ဟွန်းတော့ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးပြီးရင်းသာပြုံးနေမိတော့သည်
သူ့အနားမှာရှိတဲ့အချိန်တိုင်း ကျနော့်နှလုံး တသိမ့်သိမ့်လေး ခုန်နေတာ အရမ်းသဘောကျတယ်
သူ့ကြောင့်ဖြစ်တည်လာတဲ့ အရာမှန်သမျှ မြတ်နိုးတယ်
မင်းကြောင့် ဂျွန်
မင်းကြောင့်ပဲ
ငါ့နှလုံးခုန်ပြီး အသက်ရှင်နေရတဲ့အကြောင်းက မင်းကြောင့်
မင်းငါ့အနားမှာ ရှိနေသ၍ ငါရှင်သန်နေမှာပဲ
တစ်ခုပဲဂျွန်ရယ်
YOU ARE READING
JUN
Fanfiction' ရင်ထဲနင့်အောင်ချစ်လိုက်ရတာ "ဂျွန်" ' ' "ဟွန်းရဲ့အချစ်" က ကျနော်နဲ့ ထိုက်တန်ရဲ့လား' ' မင်းတစ်ယောက်ကိုပဲပေးထားတာ"ဂျွန်" '