JUN (Part 2)

117 8 4
                                    

'Omma ကျနော် ကျောင်းသွားတော့မယ်နော်'

'အေး အေး သေချာဂရုစိုက်သွားနော် သား'

'ဟုတ် omma သားသွားပြီနော် ဂျွန့် ကိုလည်းဝင်ခေါ်ရအုံးမယ်မို့'

'အမလေး သူ့သူငယ်ချင်းကြီးကို ချစ်တတ်နေလိုက်တာများ'

'ဟီးး omma တာ့တာ'

ဘာရယ်မဟုတ် ချစ်လှစွာသော မေမေ့ရဲ့ စကားကြောင့် ပြုံးမိသွားတယ်

'ဟားဟားး ဟုတ်တယ် omma ရေ သားကသူ့ကိုသိပ်ချစ်တာ ဒါမဲ့ omma ထင်သလို သူငယ်ချင်းလိုတော့မဟုတ်ဘူးဗျာ့'

ကျနော် အိုဆယ်ဟွန်း စိတ်ထဲကပဲ ပြန်ပြောလိုက်ပါတော့တယ်🤭

ဂျွန်နဲ့ကျနော်နဲ့က အငယ်ထဲက သူငယ်ချင်းတေဗျ အငယ်ထဲကဆိုပေမဲ့ အလယ်တန်းလောက်ကမှပေါ့ သူ့ appaနဲ့ ကျနော့် appaကလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတေတဲ့ တစ်နေ့ သူတို့မိသားစု seoulကိုပြောင်းလာတဲ့နေ့ကမှ သူ့ကိုကျနော်စသိခဲ့တာ ဂျွန်က ကျနော်နဲ့ရွယ်တူသာပြောတာ သူ့ရဲ့အသွင်အပြင်က ယောက်ျားလေးတစ်ယောက်ပါလို့မနည်းပြောယူရမယ့်ပုံပင် သူ့အသားအရည်များဆို ဖြူဖွေးနုထွတ်နေတာများ မိန်းကလေးတောင်အရှုံးပေးရမယ်ထင်တယ် ကျနော် အိုဆယ်ဟွန်း အသားဖွေးတာ သူ့မမှီပါဘူးဗျာ ပြီးတော့ အထိအခိုက်လည်းသိပ်မခံနိုင်တဲ့ကောင်လေးသူက တစ်ခုခု ခိုက်မိလာရင် ပုံမှန်ထက်ကို ထိခိုက်လွယ်တယ် ဖြစ်လာပြီဆိုလည်း မျက်နှာငယ်လေးနဲ့ မိုးပြိုတော့မဲ့အလား အငယ်ကတည်းကအသဲယားစရာကောင်းတာ

ခုရောအဲ့အကျင့်လေးက ပျောက်ပြီလားဆို မပျောက်သေးပေါင် ခိုက်မိရင် ခုထိမျက်ရည်လွယ်တတ်တဲ့သူလေး အဲ့တာမို့လည်း ကျနော်က သူ့ကိုအထိအခိုက်မခံစေချင် သူမျက်ရည်ကျတာများ ကျနော်မလိုလား အဲ့လိုအဲ့လို ကျနော်သူ့ကို ငယ်စဉ်ကခုထိ သူ့အပေါ်သံယောဇဉ်တွယ်ခဲ့မိတာ သံယောဇဉ်တဲ့ သူငယ်ချင်းသံယောဇဉ် ညီအကိုသံယောဇဉ် လို့ပဲ ကျနော်ငယ်စဉ်က သိထားတာ

ကျနော်တို့အတန်းကြီးလာတာနဲ့အမျှ ကျနော် သိလိုက်ရတာက ကျနော် ဂျွန့်အပေါ်မှာထားတာ ဒီသံယောဇဉ်လေးတေထက် ပိုနေခဲ့တာကိုပဲ......

JUNWhere stories live. Discover now