Part -1

15.6K 149 6
                                    

💛ခက်ထန်သော နှလုံးသား💛
      
[ အပိုင်း-၁ ]

အဖြူရောင်အုတ်ဂူများ စီတန်းထားသော
သုသာန်တစ်စပြင်ကြီး၌
အနက်ရောင် အနောက်တိုင်း၀တ်စုံနှင့်
လူသားတစ်ဦးရဲ့
ဆွေးမြေ့သော မျက်၀န်းတစ်စုံကို
မိုးဖွားများကြားတွင် ခပ်ပြပြမြင်နေရ၏

မျက်၀န်းညိုများထံမှ စီးကျလာသော
မျက်ရည်စများကို
လက်ညိုးကွေးရုံမျှ သုတ်ပစ်လိုက်ပြီး
ဘောင်းဘီအိတ်ကပ်ထဲမှ မီးခြစ်ဆံကိုယူကာ စီးကရက်ကို နှုတ်ခမ်း၀၌ တေ့လိုက်ပေသည်

ထိုလူသားကား
King Branded Collectionရေမွှေး ကုမ္ပဏီမှ
ဒုဥက္ကဌ မင်းမြတ်ဗျူဟာ ဖြစ်သည်။

အချိန်အတန်ကြာတဲ့ထိ ထိုပုံစံအတိုင်း
ရပ်နေခဲ့ကာ ...
တစ်လိပ်လုံးကုန်တော့မယ့် စီးကရက်ကို
မီးသတ်၍ အငွေ့များကို မှုတ်ထုတ်လိုက်ပြီး
ထိုသုသာန်ကြီးကို ကျောခိုင်းခဲ့လိုက်တော့၏

သုသာန်မှမထွက်မှီ သူပြောသွားခဲ့တဲ့
စကားတစ်ခွန်းက

"အေးအေးချမ်းချမ်းနဲ့
အနားယူပါတော့ ကိုကြီး" တဲ့လေ

ထို့နောက်မှာတော့ အနက်ရောင်ကားလေးဟာ
အရှိန်မှန်မှန် တရိပ်ရိပ်နှင့်
သုသာန်ထဲမှ ထွက်ခွာသွားတော့၏။
နာရီ၀က်လောက် ကြာတော့
ကားလေးက မြို့ထဲ၀င်စပြုလာကာ
ကားနောက်ခုံကို ခပ်လျှောလျှောမှီထိုင်ထားတဲ့
ကိုယ်ကြီးက ရှေ့ဘက်သို့
အနည်းငယ်ကိုင်းလာ၍

"အခုလှမ်းမြင်နေရတဲ့
ဟိုးအရှေ့က ပန်းဆိုင်မှာ ကားခနရပ်လိုက်
လက်ရုံး "

"ဟုတ် သခင်လေး"

" ကျွီး ... "

ဘရိတ်ဆွဲသံရှည်ကြီးရဲ့‌ နောက်
ကားထဲမှ ထွက်သွားလိုက်တဲ့ ‌ဗျူဟာ
ဆိုင်ထဲမှလှပစွာ စည်း‌နှောင်ထားတဲ့
ပန်းစည်းလေး တစ်စည်းကို၀ယ်လိုက်သည်။

ထိုအခြင်းအရာကိုနားမလည်တဲ့ လက်ရုံး
သူ့သခင်လေးအား ပဟေဠိဆန်စွာ
ကြည့်နေမိတော့သည်။

သခင်လေးဆိုတာက သူ့အစ်ကိုနဲ့မတူဘဲ
ထူးခြားလွန်းတာမို့ တစ်ခါတစ်ခါဆို
သူ့တပည့်ကျော်ဖြစ်တဲ့ လက်ရုံးပင်
ဘာမှနားမလည်နိုင်တဲ့ အထိ ...

ခက်ထန်သော နှလုံးသားWhere stories live. Discover now