Part -13

3.4K 87 14
                                    

[ အခန်း ၁၃ ]

ခပ်သွက်သွက်ပြင်ဆင်ကာ
လေယာဉ်ကွင်းအထိ လိုက်လာခဲ့တာမို့‌
သုရဲ့ပုံစံလေးက ဘယ်လိုတောင်
ဖြစ်နေတယ်မသိ !!

တက္ကစီသမားဦးလေးကြီးကို
ပိုက်ဆံထုတ်ပေးလိုက်ကာ
ကားမှန်ကိုကြည့်၍
ပွယောင်းယောင်းဖြစ်နေတဲ့ ကိုယ်ဆံပင်လေးကို
သေချာသပ်လိုက်ကာ
လေဆိပ်ထဲသို့ ခပ်သွက်သွက်လေး
ပြေးတော့သည်။

" သုသု "

" ဟင် "

အသံလာရာကိုလှည့်ကြည့်လိုက်တော့
သုကိုလက်ပြကာ
သူရှိတဲ့နေရာလှမ်းခေါ်နေတဲ့
အမရာ့ကို  တွေ့လိုက်ရသည်။

သုလည်း အမရာရှိရာဘက်သို့
ခပ်မြန်မြန်လေးလျှောက်သွားလိုက်ကာ
အမရာ့ကိုတွေ့တာနဲ့ ဖက်ထားလိုက်၏။

" ခါတိုင်းလဲ ရှော့ပင်အတူထွက်နေတာ
ဆိုပြီး
ဒီနေ့အမရာပြန်မှာကို စိတ်ထဲသွင်းမရ
ဖြစ်သွားတာ "

" ရပါတယ်ရှင် ကျွန်မက
ရှင်လေးရောက်မလာမှာကိုသာ စိတ်ပူနေတာ "

တွေ့ခဲ့ရတာက အချိန်ခနလေးဆိုပေမဲ့
အဲ့ဒီအချိန်ခနလေးမှာပဲ
အမရာနဲ့သူမလေးဟာ အတော်လေး
သံယောဇဉ်တွယ်သွားကြတာဖြစ်သည်။

ရှော့ပင်အတူထွက် မုန့်အတူပတ်စားကြနဲ့
နှစ်ယောက်သားဟာ
အတော်လေး တွဲဖက်ညီခဲ့ကြတာ
မဟုတ်လား ...

" အမရာ ဟိုရောက်တာနဲ့
ဖုန်းတန်းဆက်မယ်သိလား
သုတစ်ယောက်တည်း ကျန်တော့တာဆိုပြီး
စိတ်ညစ်မနေနဲ့နော် "

" အမရာက ပြန်သွားပြီဆိုမှတော့
သုက လက်တစ်ဖက်ပြုတ်ပြီပဲသိလား "

နှုတ်ခမ်းလေးဆူကာ ချွဲနေပုံလေးက
မသိရင်ဘဲ ရည်းစားကပြန်တော့မှာမို့
စိတ်မကောင်းဖြစ်နေတဲ့ပုံစံလေး
ဖြစ်နေတော့သည်။

" အမရာမရှိလဲ ဘာဖြစ်လဲသုရယ်
အမရာ့ကိုကို ရှိနေတာပဲ
သုအားလို့ အပြင်ထွက်ချင်တဲ့အချိန်တိုင်း
ကိုကို့ကို အဖော်ခေါ်သွားလေ "

" အမယ်လေး သူ့ကိုခေါ်သွားမဲ့အစား
ကျားမြီးပဲပြေးဆွဲလိုက်ချင်တယ်
မျက်နှာကြီးက တည်တင်းမှုန်ကုပ်နေတယ်
ဆိုတာများ
မသိရင်ပဲ တလောကလုံးသူ့လုပ်စာ
ထိုင်စားနေတဲ့ရုပ် "

You've reached the end of published parts.

⏰ Last updated: Jun 11 ⏰

Add this story to your Library to get notified about new parts!

ခက်ထန်သော နှလုံးသားWhere stories live. Discover now