Part -12

2.2K 38 4
                                    

[ အခန်း ၁၂ ]

ကားလေးဟာ တစ်စစီပေါက်ကွဲသွားသလို
အပြင်ဘက်ကျကျန်နေခဲ့တဲ့
ကားမောင်းသမားကလဲ သွေးအလိမ်းလိမ်း
ထွက်နေပြီဖြစ်၏။

ထိုအခါဗျူဟာကသူမလေးကို
ကားအနားထားခဲ့၍
ပေါက်ကွဲမှုဖြစ်သွားတဲ့အနား ခြေလှမ်းကျဲကြီးများဖြင့်
လှမ်းသွားလိုက်သည်။

ထို့နောက် ကုန်းရုန်းထနေတဲ့
အနက်ရောင်၀တ်စုံနဲ့လူအား
ဗျူဟာ လှမ်းဆွဲလိုက်၍
သူ့အပေါ်မှတက်ခွလိုက်၏။

ထိုလူသားက သူ့ကိုပြန်ခုခံဖို့ပြင်နေတာမို့
လည်ပင်းမှ
အင်္ကျီစကို ဆွဲကိုင်ကာ

" မင်းကိုဘယ်သူခိုင်းတာလဲ "

"  .......... "

" ငါမေးနေတယ်မလား "

" မ ... မပြောနိုင်ဘူး "

ခံရသူအခြေအနေ ဖြစ်နေတာကိုတောင်
ဘူးခံငြင်းနေတာကြောင့်
ဗျူဟာ့ထံမှ ရီသံပါးပါးထွက်လာ၍

" အဟက် !! ရတယ်လေ "

" ခွပ် !! အား "

" ခွပ် !! ခွပ် "

" အား ... တောင်း တောင်းပန်ပါတယ်
ကျွန်တော့ကို ထပ်မထိုးပါနဲ့တော့ "

သွေးစိမ်းရှင်ရှင်ထွက်နေတဲ့နေရာကိုမှ
အထိုးခံနေရတာမို့
ထိုလူက လက်နှစ်ဖက်ကာထားကာ
အသနားခံသည်။

" လူ လူတစ်ယောက်ကခိုင်းလို့
လုပ်ရတာပါဗျာ "

" ငါကလဲမင်းကို ဘယ်ခွေးက
ခိုင်းလဲလို့ မေးနေတာမဟုတ်ဘူး
မင်းကို အခုလိုလုပ်ခိုင်းတဲ့လူရဲ့နာမည်ကိုပဲ
မေးနေတာ "

ဗျူဟာက ခပ်ထေ့ထေ့ပြန်ပြောတော့
ထိုလူက မျက်လုံးတွေကစားကာ
ခနလောက်က တိတ်ဆိတ်သွားသည်။
ထိုအခါ စိတ်မရှည်လွန်းတဲ့ဗျူဟာ
ဒဏ်ရာရနေတဲ့ ထိုလူ့လက်မောင်းကို
ဖျစ်ညစ်လိုက်သည်။

" အား ... ပြောပါ့မယ်ဗျာ "

" ဆရာ ဆရာစိုင်းကျော်စွာက
ခိုင်းတာပါ "

" ထင်ပါတယ် အဲ့လိုမိန်းမကျင့်
မိန်းမဉာဏ်ဆင်တတ်တာက
မင်းတို့ဆရာဘဲ ရှိတာလေ "

စိုင်းကျော်စွာဆိုတဲ့ အသံကြားလိုက်တော့
ဗျူဟာ့ကို စိတ်ပူလို့လိုက်လာခဲ့တဲ့
သူမလေး ခြေလှမ်းများက
တုံ့ခနဲ ရပ်တန့်သွားသည်။

ခက်ထန်သော နှလုံးသားWhere stories live. Discover now