Part -9

2.6K 45 3
                                    

[ အခန်း -၉ ]

" ကိုကြီးရေ "

" ဗျာ "

" မရာရာတို့တောင် တိုင်းလေးကို
ပြန်ခေါ်ထားကြပြီ
ပိုးတို့လည်း သားကြီးနဲ့သားငယ်ကို
ပြန်ခေါ်ကြရအောင်လေနော်"

" တိုင်းက ကျောင်းပြီးလို့
ကိုဆက်တို့က သူတို့သားကိုသူတို့
ပြန်ခေါ်ထားတာလေ
ကိုကြီးတို့သားတွေက ကျောင်းမှမပြီးကြသေးတာပိုးကောင်ပေါက်ရဲ့ "

လချုပ်စာရင်းတွေကို ကြည့်နေတာမို့
လပ်တော့ပေါ် အာရုံစုစည်းနေရတာဆိုပေမဲ့
သူ့ပိုးကောင်ပေါက်က မျက်နှာလေး
ဇီးရွက်လောက်သာ ကျန်တော့တာမို့
ကုဋေခေါင်းကိုယမ်းကာ
လပ်တော့ကို ပိတ်ပြစ်လိုက်သည်။

တိုင်းမင်းဆက် မြန်မာပြည်ကို
ပြန်ရောက်ကတည်းက
UKရောက်နေတဲ့ သားကြီးဘုန်းမြတ်နဲ့
သားငယ်ဘုန်းပြည့်ကို
သူလေးက ပြန်ခေါ်ချင်နေတာမဟုတ်လား

ငယ်ကတည်းက
ပညာတော်သင်ပို့ခဲ့တာမို့
ကလေးတွေနဲ့ ခွဲနေရတာကလည်း
အချိန်တစ်ခုတော့ ကြာသွားခဲ့ပါပြီ
သားနှစ်ယောက်ကို ခွဲနေရတာနဲ့တင်
လုံလောက်ပြီဆိုပြီး
အငယ်မလေး လွန်လွန်းကိုတော့
သူတို့အနားမှာသာထားခဲ့၍
အခုဆို လွန်လွန်းလေးဟာအဖွားလုပ်သူရဲ့အချစ်တော်လေးကို ဖြစ်နေတော့၏။

နှစ်တွေလ‌တွေ ဘယ်လိုပဲပြောင်းသွားပါစေ
ကုဋေ့ရဲ့ချစ်တတ်ပုံကြီးနဲ့
သူမလေးရဲ့ချွဲနွဲ့မှုတွေကတော့ တစ်စက်လေးမှကို
လျော့သွားခြင်း မရှိခဲ့

ထိုအခါ ကုဋေ့အနားထိုင်နေသည့်
သူမလေးက
မျက်လွှာလေးကို ချလိုက်ကာ

" ကိုကြီးက ပိုးကိုအရင်ကလောက်ကြီး
မချစ်တော့ပါဘူး "

" ဟောဗျာ ... ဒီခလေးကတော့
ပေါက်ကရတွေပြောတော့မယ်
ကိုကြီးက ခများလေးကိုဘာလို့မချစ်ရမှာလဲ
ပြောပါအုံး "

" ပိုးက အရင်ကအတိုင်းပဲ
ဘာမှမပြောင်းလဲဘူးဆိုပေမဲ့ ကိုကြီးကကျ
အခုကြီးလေ ချောလေဖြစ်နေတာလေ
ချောတာတောင်မှ ခန့်ချောကြီးဆိုတော့
ကိုကြီးကို ကလေးသုံးယောက်အဖေမှန်းလဲ
ဘယ်သူကမှ မသိကြဘူးမလား

ခက်ထန်သော နှလုံးသားWhere stories live. Discover now