Part -6

3.7K 56 1
                                    

[ အခန်း -၆ ]

တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို
အပူတစ်ခုကို လာရှင်းကာမှ
စိတ်ပျက်စရာလူသားကို တွေ့လိုက်ရတာမို့
ရိုးမျက်နှာလေးမှာ နဂိုထက်တင်းမာသွားရသည်။

ထိုအခြင်းအရာကို ရိပ်မိလိုက်တဲ့ဗျူဟာ
သူမလေးကို စိုင်းကျော်စွာနဲ့
တစ်နေရာတည်း ရှိမနေစေချင်တာမို့

" အလင်း !!"

" ဟုတ် သခင်လေး "

" အခုငါ့ပေါက်စနဲ့ ကိစ္စရှိ‌သေးတာမို့
ကျန်တဲ့ကိစ္စတွေကို နောက်မှရှင်းမယ်
လောလောဆယ်တော့
အားလုံးကို မင်းပဲကြည့်ထိန်းထားလိုက်တော့ "

" ဟုတ်ကဲ့ "

အလင်းက ခေါင်းငြိမ့်ပြလာတော့
ဗျူဟာ သူမလေးဘက်လှည့်၍

" ကိုယ်တို့ကိစ္စကိုပြောဖို့ တစ်နေရာ
သွားကြရအောင် "

" အဲ့လိုလုပ်လို့ရမလားကွ !!
ဘာလဲ မင်းလုပ်ထားပြီးသားကိစ္စတွေကို
ရိုးသိကုန်မှာမို့လို့ ဖုံးကွယ်ချင်နေတာလား
ဒါမှမဟုတ် ငါနဲ့တိုက်ရိုက်ရှင်းရမှာမို့လို့
ကြောက်ချီးပန်းနေတာလား "

" အဲ့လိုဖြစ်စေချင်ရင် အရင်ဆုံး
တရားထိုင်ပြီး ပုတီးစိပ်လိုက်အုံး "

သူပြောသမျှကို တစ်ချက်မမှုပဲ
ကောင်းကောင်းကြီး ချေပကာ
အပြင်ထွက်တော့မယ့် ဗျူဟာ့ကို
လက်မောင်းမှကိုင်၍ စိုင်းကျော်စွာ
လှမ်းတားလိုက်၏။

ဒဏ်ရာရှိတဲ့ဘက်ကို ဖိညစ်ခံထားရတာမို့
အလင်းရောသူမလေးပါ လှုပ်လှုပ်ရှားရှား
ဖြစ်သွားကာ
ဗျူဟာ့မျက်ခုံးတို့ကလည်း တွန့်ချိုးသွားရသည်။
နာကျင်မှုကြောင့် အံကြိတ်လိုက်ကာ
စိုင်းကျော်စွာဘက်လှည့်ဖို့ ပြင်လိုက်တော့

" ဖျတ် "

လက်ကိုပုတ်ချခံလိုက်ရတဲ့ အသံအနဲ့အတူ
စိုင်းကျော်စွာရဲ့ လက်ကလည်း
ဗျူဟာ့လက်မောင်းပေါ်မှ ခွာသွားရသည်။

" ရှင်က ဘယ်လိုဖြစ်နေတာလဲ
ကိုစိုင်းကျော်စွာ ...
သူကရှင့်ကိစ္စကို ဖြေရှင်းပေးပါ့မယ်
ပြောနေပြီပဲ မဟုတ်ဘူးလား
ဘာလို့များ ကိုယ့်တစ်ဘို့တည်းကြည့်တတ်တဲ့အကျင့်က အခုချိန်ထိရှိနေသေးတာလဲ "

ခက်ထန်သော နှလုံးသားWhere stories live. Discover now