Part -4

3.7K 56 0
                                    

[အပိုင်း -၄]

" ပြီးခဲ့ပြီလား သမီးလေး "

" ဟုတ်ကဲ့ အန်တီမေရီ
ဒါနဲ့ ကြီးမေကရောဟင် "

" သမီးရဲ့ ကြီးကြီးက
ခုနကတည်းက ပြန်ဖို့စောင့်နေတာ
ဒံပေါက်တွေစားပြီးမှ သွေးတက်လာလို့တဲ့လေ "

" အဲ့ဒါဆို ရိုးလိုက်သွားလိုက်အုံးမယ်နော် "

" ဟုတ်ပြီ ဟုတ်ပြီ "

သိမ်းစရာရှိတာ သိမ်းပြု၍
စလင်းဘတ်အိတ်လေး ကောက်လွယ်ကာ
ရိုး ပွဲထဲမှထွက်လာခဲ့လိုက်သည်။
ထိုမြင်ကွင်းတွေကို မမှိန်မသုန်စိုက်ကြည့်နေသူကတော့
၀ရံတာမှ မင်းမြတ်ဗျူဟာဖြစ်၏။

စီးကရက်ကို ရှိုက်ဖွာကာ
အငွေ့တွေကို လူးလွန့်ပျံသန်းစေလိုက်၍
ဆေးလိပ်ငွေ့တို့က လေပြည်နဲ့အတူ
မျှောပါသွားတော့ပေသည်။

🍁 🍁 🍁 🍁 🍁

" မမရိုး "

" ပြောလေ နုနု "

" ဟိုလေ နုနုဒီနေ့ညနေ ခွင့်ယူလို့ရမလား
မောင်လေးအတွက် ဆေးရုံစရိတ်တချို့က
ဒီနေ့ အပြီးသွင်းရမှာမို့ "

" အော် ... အဲ့ဒါဆိုလည်းသွားလေ နုနု
မမလဲ ဒီနေ့ဆိုင်စောစောပိတ်လိုက်မယ် "

" အဲ့ဒါဆို မမကိုကူပိတ်ပေးပြီးမှ
နုနုလဲသွားတော့မယ် ...
မဟုတ်ရင် မမရိုးတစ်ယောက်တည်း "

" မဟုတ်တာကွယ် မမက
ဆိုင်သိမ်းတာလောက်တော့ လုပ်နိုင်ပါတယ်
မင်းတို့ကသာ မမကိုအထင်သေးကြတာ "

" အာ မမကလည်း "

လူကောင်သေးတဲ့ သူမလေးကို
ကောင်တာထိုင်တာက လွဲလို့
ဘာတစ်ခုမှ ပေးမလုပ်တဲ့ နုနုနဲ့
ခတ္တာကြောင့် ရိုးမှာဘာတစ်ခုပင်
မလုပ်ဖြစ်ခဲ့

ဒီနေ့တော့ ခတ္တာကလည်း
ဖျားနေတာမို့ ခွင့်ယူထားသလို
နုနုကပါ ခွင့်ယူမယ်ဆိုလာတော့
ရိုးလည်း မငြင်းရက်တော့

သူတို့လေးတွေကလည်း ရိုးအပေါ်ဆို
ညီအစ်မရင်းလေးတွေလို
သဘောထားပြီး ကူညီပေးကြတာမဟုတ်လား ...

" မမလည်း ခတ္တာကို
သွားကြည့်ရအုံးမယ်ဆိုတော့
ဆိုင်ပိတ်လိုက်တော့မယ် "

ခက်ထန်သော နှလုံးသားWhere stories live. Discover now