Part -3

3.5K 51 0
                                    

[အပိုင်း-၃]

"ခွပ်"

"တော်ပါတော့ ရှင်ရယ်
လွှတ်လိုက်ပါတော့နော်"

စကားပြောလိုက် တစ်ချက်ချင်း
ထိုးလိုက်လုပ်နေသည့်သူကတော့
ရိုးရဲ့ စကားသံများကို
ကြားသည့်ပုံပင် မပေါ် ...

"ခွပ်!!!"

နောက်တစ်ခါ ဒီဆိုင်ရှေ့ကို
ဖြတ်လျှောက်မယ် ဆိုရင်တောင်
မင်းတို့အဖေဖြစ်တဲ့ငါ့ဆီမှာ
အရင်ဆုံး ခွင့်လာတောင်းလိုက်
ကြားလား"

အံကိုကြိတ်ကာ တစ်ခွန်းချင်း
ပြောနေသည့် ထိုလူကြီးကို
ကြာတော့ ရိုးလဲ မတားနိုင်တော့

"ဟုတ် ဟုတ်ကဲ့
ကျွန်တော်တို့ မှတ်ထားပါ့မယ်
နောက်တစ်ကြိမ်ဆိုတာလဲ
မရှိစေရအောင် ကျွန်တော်တို့ကပဲ
ကြည့်ရှောင်ပါ့မယ်ဗျာ"

ငါးယောက်နှင့်တစ်ယောက်တောင်
ဟိုလူတွေက တုန်တုန်ရီရီဖြစ်ကာ
ထွက်ပြေးသွားရတဲ့အထိ
မင်းမြတ်ဗျူဟာဆိုသည့် ထိုလူသားဟာ
ဂျွတ်ဆပ်ဆပ် နိုင်လွန်းပေသည်။

လူရှင်းသွားတော့မှ ‌ဗျူဟာ
သူမလေးဘက်လှည့်လိုက်ကာ
စကားပြောဖို့ ပြင်လိုက်တော့

"ဖြန်း!!"

ဟင်!!

ဟာ!!

ရုတ်တရက်ကြီး ဘာမ‌ပြော ညာမပြောနှင့်
ရိုက်ချလိုက်တဲ့ သူမကြောင့်
ဆိုင်ထဲမှ နုနုတို့ပင်
ဟင်ခနဲဟာခနဲဖြစ်ကုန်ကြသည်။

"အဲ့ဒါ ရှင့်ကြောင့် ...
အခုလိုဖြစ်ရတာတွေ အားလုံးက
ရှင့်ကြောင့်ပဲ သိရဲ့လား
အရင်က ကျွန်မဆိုင်မှာ
အခုလိုဖြစ်ရပ်မျိုးမ‌ပြောနဲ့
စကားများရန်ဖြစ်သံတောင်
မကြားရဖူးဘူး ...
ရှင်နဲ့တွေ့ပြီးတော့မှ
အခုလိုတွေဖြစ်လာရတာ
ဒီလူတွေရောက်လာရတာကလဲ
ရှင့်လက်ချက်မှန်း ကျွန်မသိပြီးသား"

သူမလေးက တရစပ် ပြောပြီးသွားတော့
ဗျူဟာ ရိုက်ခံလိုက်ရတဲ့
ပါးကို လက်ဖြင့်တစ်ချက်သပ်ကာ

"ပြောလို့‌ပြီးပြီလား"

"ပြီးပြီ အခုချက်ချင်း
ရှင်ကျွန်မဆိုင်ထဲက"

"မင်းပြီးရင် ကိုယ့်အလှည့်ပဲ"

အပြောထက်အရင် လက်မြန်တဲ့
ဗျူဟာ သူမပါးပြင်လေးကို
ချွတ်ခနဲနေအောင် နမ်းပြစ်လိုက်သည်။

ခက်ထန်သော နှလုံးသားWhere stories live. Discover now