Part-7

5.2K 81 8
                                    

[ အပိုင်း -၇ ]

ရိုးမျက်၀န်းအိမ်လေးတွေ
ပြူးကျယ်သွားရကာ ရုတ်တရက်
ဘာတစ်ခွန်းမှတောင် ပြန်မပြောနိုင်အောင်
ဖြစ်သွားရသည်။

" ရိုးလေးရေ ... သမီးလာတော့လေကွယ်
သားဗျူဟာရော တစ်ခါတည်းလာတော့ "

ထမင်းစားခန်းမှ ကြီးကြီးရဲ့အသံကြောင့်
ရိုး ခေါင်းလေးမတ်ကာ
ခပ်သွက်သွက်ခြေလှမ်းလေးများနဲ့
လျှောက်သွားလိုက်တော့သည်။

ကြီးကြီးတို့ကို ထိုင်ခိုင်းလိုက်ကာ
ထမင်းအုပ်လေးကိုင်၍ ပန်းကန်ထဲ
ထမင်းလိုက်ထည့်ပေးနေတော့

" ဒါတွေအားလုံးကို ရိုးလေးချက်ထားတာလား "

" ဟုတ်တယ် မေရီရေ
သမီးလေးက အချက်အပြုတ်သိပ်တော်တာ "

" တို့တော့ချွေးမရကံကောင်းပြီ ခင်ရေ "

" အဟွတ် အဟွတ် "

ထမင်းထည့်ပေးနေရင်း ဟိုလူကြီးအနား
ရောက်သွားရလို့ လူကနေရခက်နေရတဲ့ထဲ
အန်တီမေရီရဲ့အပြောကြောင့်
ရိုး စတွေးလေးပင်သီးသွားရသည်။

" သမီး ရရဲ့လား "

" ရတယ် ကြီးကြီး
ရိုး လည်ချောင်းယားလာလို့ "

" အဲ့ဒါကြောင့်ပြောပါတယ် မိရိုးတို့ကို
အချိုတွေ တအားမစားပါနဲ့လို့ "

" ကြီးကြီးကလည်း "

တကယ်ဆို ရိုးအခုတွေနေရခက်နေရတာက
ကြီးကြီးတို့လုပ်လို့လို့သာ
ပြောလိုက်ချင်ပေမဲ့ နှုတ်ကပြောမထွက်သလို
အန်တီမေရီကိုလည်း အားနာရလွန်းလို့ပင်

အန်တီမေရီက ရိုးကိုသိပ်ခင်ရှာတာ
မဟုတ်လား

ထမင်းဝိုင်းလေး အဆင်သင့်ဖြစ်သွားရကာ
ရိုးနေရာလေးမှာ ၀င်ထိုင်၍
ထမင်းစားဖို့ ပြင်လိုက်၏။

စားစရာရှိတာကိုသာ စားနေကြကာ
တစ်ယောက်ကမှ စကားမစလာပေ။
သူ့ကိုတစ်ချက်မကြည့် မျက်လွှာလေးကိုသာ
အောက်ချထားတဲ့ ပေါက်စကြောင့်
ဗျူဟာ အနေခက်လာသည်။

မာမီနဲ့ သူမလေးရဲ့ကြီးကြီးက
မျက်နှာချင်းဆိုင် ထိုင်နေသလို
သူမလေးကလည်း သူ့ရှေ့တည့်တည့်မှာပင်ဖြစ်သည်။
ဒါကို သူ့ဘက်တစ်ချက်မကြည့်လာပဲ
ဖုတ်လေတဲ့ငပိ ရှိတယ်လို့တောင်မသတ်မှတ်တဲ့ပေါက်စကို သူတစ်ခုခုတော့ပညာပြရမယ်

ခက်ထန်သော နှလုံးသားWhere stories live. Discover now