Part -10

2.8K 48 4
                                    

[ အခန်း -၁၀ ]

မနက်ကတော့သုသုကို
Shopping Mall ထဲချထားပေးခဲ့ကာ
အခုအပြန်ရောက်တော့
ဗျူဟာ သူချစ်ရတဲ့အမျိုးသမီးလေးကိုခေါ်ဖို့
ကိတ်ဆိုင်လေးကို မောင်းနှင်လာခဲ့ပေသည်။

ညနေပိုင်းကို ၀တ်စုံသွားကြည့်ပါ့မယ်လို့
သူပြောထားခဲ့တာ မဟုတ်လား
ဆိုင်နားရောက်ခါနီး ဖုန်းဆက်ဖို့ပြင်လိုက်ပေမဲ့
သူဆက်ရင်လဲ ဒေါသအိုးမလေးက
ကိုင်မှာမဟုတ်ဘူးဆိုတာ သိနေတာမို့
ဗျူဟာ ဖုန်းကိုပြန်ချလိုက်သည်။

ဆိုင်ရှေ့ရောက်တော့မှ
ကားရပ်ကာ ဆိုင်ထဲ၀င်ဖို့ပြင်လိုက်တော့မျက်နှာထားတည်တည်လေးနဲ့
သူမလေးက
ခါတိုင်းနဲ့မတူ ခရမ်းနုရောင်
လည်ထောင်ဂါ၀န်လေးကို
သူမကိုယ်လေးနဲ့ ချပ်ရပ်စွာ
၀တ်ဆင်ထားသည်။

ဆံနွယ်တွေအားလုံးကို
စုထုံးထားကာ ကပိုကယိုကျနေသည့်
ဆံစလေးတွေက
လေတစ်ချက်တစ်ချက်ဝေ့သွားတိုင်း
ယမှးခါသှား၏။

သူမရောက်ခင်ကတည်းက မုန့်စားနေတာနဲ့
တူပါတယ်
အခု ဗျူဟာကားရပ်လိုက်တော့မှ
သူမလေးက ကိတ်တစ်ခုလုံးကို
ပါးနဲ့အပြည့် သွတ်သွင်းထားတာမို့
ပါးဖောင်းဖောင်းလေးက ဆွဲဖဲ့ချင်စရာအတိ
ဖြစ်နေ၏။

မသိရင် ဒီကလူကပဲ မုန့်လုစားမှာကျလို့

ကားကိုလော့ခ်ချကာ လမ်းကူးလာခဲ့၍
သူမလေးအနားသို့ ခြေလှမ်းကျဲများဖြင့်
လျှောက်လာခဲ့လိုက်၏။
သူ့ကိုမြင်တော့မှ ချောင်းဟန့်လိုက်တဲ့
ထိုကောင်မလေးကြောင့်

" ပေါက်စက ကိုယ်လာတာနဲ့
တန်းသိတယ်ပေါ့ "

မသိချင်စရာကြီးဆိုတော့လေ ...
သူစီးနေတဲ့ Nissan Fairlady Z
အနက်ရောင်ပြိုင်ကားက ရန်ကုန်မြို့မှာဆို
စီးတဲ့သူ လက်ချိုးရေလို့ရနေတဲ့ကိစ္စကို

သိသားပဲဆိုတဲ့အထာနဲ့ သူ့ကို
စကားမပြောပဲ ချေမိုးနေတာမို့
ဗျူဟာ ခပ်ဟဟပြုံးကာ

" အခုက ကိုယ့်ကိုထွက်စောင့်နေတာ
ဟုတ် "

" အွန်း "

" အိုခေ အဲ့လိုဆိုသွားကြမယ် "

ဗျူဟာ သူမလေးလက်ကိုဆွဲကာ
သွားဖို့ပြင်လိုက်တော့
ဆိုင်ထဲမှ ခတ္တာကအပြေးလေးထွက်လာ၏။
ထို့နောက် သူမလေးတို့ရှေ့ပိတ်ရပ်ကာ

ခက်ထန်သော နှလုံးသားWhere stories live. Discover now