Part-2

4.7K 58 0
                                    

[ အပိုင်း-၂ ]

"အွန်း ..."

အသက်ရှူကြပ်၍ ရင်ဘတ်ကို
လက်သီးစုတ်လေးကျလာတော့မှ
‌ဗျူဟာ ထိုနှုတ်ခမ်းပါးလေးကို
လွှတ်ပေးလိုက်ကာ အကြည့်များကို
စိုင်းကျော်စွာ ထံသိုလွဲပြစ်လိုက်သည်။

"အဟွန်း!!
ဈာန်၀င်သွားတာလား ကိုယ့်လူ
စကားတောင် မပြောနိုင်တော့ဘူးရော"

"စိုင်းကျော်စွာဆိုတဲ့ ငါကလည်း
ဘယ်တော့မှ
သူများကျောတာကို ခံဖူးတာမဟုတ်ဘူး
မင်းမှတ်ထားလိုက် ...
ငါတို့ဘက်မှာဆို ငါကဆရာကြီးပဲ"

"ဘာ!! ဆရာကြီး ဟုတ်လား"

"အေ!! ဟုတ်တယ်"

"အရှေ့နည်းနည်းလောက်
ထပ်တိုးခဲ့စမ်းပါ
အဲ့ဒီလို ဆရာကြီးလိုလို
ဘာလိုလို ကောင်တွေကို
ငါကလဲ ပါးချလွှတ်နေကျမို့လို့"

"မင်း!!!"

"အဟက်!! ဇရှိမှဇစ်ဖွင့်ရတယ် ကိုယ့်လူ
ပေါက်လား"

အရှုံးကြီးရှုံးသွားတဲ့ ကျော်စွာလဲ
ရှက်ဒေါသကြောင့် မျက်နှာတစ်ခုလုံးဟာ
နီရဲနေတော့၏

ဗျူဟာ ဘာတစ်ခုမှ
ဆက်မပြောနေတော့ဘဲ
လက်ဖျားလေးတွေပါ
အေးစက်နေတဲ့ သူမလေးကို
‌အမိုးပွင့်ပြိုင်ကားလေးဆီ
ခေါ်လာခဲ့ လိုက်သည်။

*ချလောက်*
ကားတံခါးလေးပွင့်သွားတော့

"တက်လေ ပေါက်စ"

"ဟုတ်"

ဗျူဟာ သူမကိုယ်လေးကို ကားထဲထည့်ပြီး
သူကိုယ်တိုင်က မောင်းသူနေရာတွင်
၀င်နေရာယူလိုက်ပြီး
ကားလေးမှာ ထိုနေရာမှတရွေ့ရွေ့
ပျောက်ကွယ်သွားတော့၏

"ရိုး သူငယ်ချင်းနဲ့တွေ့လို့
လိုက်ခဲ့လိုက်တာ ဦးလေးသောင်း"

" အဲ့ဒါဆို ဦး‌သောင်းအခု ဘယ်ကိုလာခဲ့ရမလဲ
သမီးလေး "

" ခါတိုင်းပြန်နေကျ
လမ်းစုံမှာပဲ လာကြိုပေးလိုက်လေနော်"

" ဟုတ်ပြီ ဟုတ်ပြီ
ဦးသောင်းလဲ အခုအဲ့နားတစ်ဝိုက်မှာပဲ "

"ဟုတ်ကဲ့ ဦးလေးသောင်း"

ဦးလေးဘသောင်းနှင့်ဖုန်းပြောပြီး
ရိုး ဖုန်းလေးကို ပြန်ထည့်ကာ
အခုချိန်ထိ နာမယ်တောင်မသိရသေးသော
ထိုလူသားဘက်သို့ လှည့်လိုက်သည်။

ခက်ထန်သော နှလုံးသားWhere stories live. Discover now