Part -8

2.8K 45 5
                                    

"  အန်ကယ်လေး "

" ပြသနာအိုးလေး အခုမှပဲ
ပေါ်တော်မူလာတော့တယ် "

" သုသုက ပြသနာရှာတာမဟုတ်ရပါဘူးနော်
ပိုက်ဆံအိတ်က‌ သူ့ဘာသာသူ
ပျောက်သွားတာရယ်
တော်သေးတယ် ဖုန်းကိုတော့
လက်ထဲကိုင်ထားမိလို့ ဟီး "

တူအရီးနှစ်ယောက် စကားအပြောကောင်းကာ
ကားပါကင်သို့ ရောက်လာတော့
အစောက နှုတ်ခမ်းဆူချိတ်ထားတဲ့
သူမလေးက အခုကျပြန်တော့လည်း
အစောကနဲ့မတူစွာ
သုလေးကို ပြုံးပြနေပြန်၏။

ဗျူဟာက နှစ်ယောက်ကြား၀င်လိုက်ကာ
ရိုးဘက်သို့လှည့်၍

" ဒါက သုမဟာတဲ့ကိုယ့်တူမလေးလေ
ဒီဘက်ကတော့ ရှေးရိုးရာတဲ့
အန်ကယ်လေးရဲ့ ဇနီးလောင်း "

" တွေ့ရတာ ၀မ်းသာပါတယ်မမ "

" မမကလည်း တွေ့ရတာ၀မ်းသာပါတယ်ရှင် "

" သုရဲ့မမကအချောလေးပဲ
အန်ကယ်လေးတို့ကတော့ ကံကောင်းချက်"

" ဟော ..."

စကားတွေ ဖောင်ဖောင်ဝေနေတဲ့
သူ့ဇနီးလောင်းလေးနဲ့ တူမဖြစ်သူကိုကြည့်ကာ
ခေါင်းတယမ်းယမ်းဖြင့်
မောင်းသူနေရာ ၀င်ထိုင်လိုက်တော့သည်။
တော်သေးတယ် ဒီနေ့မှ
ပြိုင်ကားယူမလာမိလို့ ...

သုက အနောက်ခန်းမှာ၀င်ထိုင်လိုက်ကာ
အန်ကယ်လေးနဲ့ မမကို
တစ်ချက်ရှိုးလိုက်သည်။
အန်ကယ်လေးဆိုတာကတော့ ပြောစရာမလိုအောင်
ဂျွပ်ဆပ်ဆပ်နိုင်ပြီးသားပဲ မဟုတ်လား
အဲ့သလို ဂျွတ်သလောက်လဲ
အန်ကယ်လေးက ချောလွန်းပါသည်။
ချောတာကိုမှ သုကြည့်‌နေကြ
နိုင်ငံခြားကားထဲက
မင်းသားတွေလိုကို ချောတာ

အဲ့လိုလူက သူယူမယ့်ဇနီးလောင်းကျ
ဆံနွယ်တွေကို တင်ပါးဖုံးအောင်ရှည်တဲ့
ယဉ်လွန်းပြီး မျက်စိအေးလှတဲ့
မိန်းကလေးမျိုးကို ကြိုက်သတဲ့
မမရိုးက အချောကြီးမျိုးမဟုတ်ပဲနဲ့ကို
ချစ်ဖို့ကောင်းတာ
ဘယ်လိုပြောရမလဲ အကြည်ဓာတ်လေးပေါ့

မဲနက်ကော့ညွှတ်တဲ့
မျက်တောင်ရှည်ကြီးတွေနဲ့ နှာခေါင်းလေးကဆိုလဲ
စိတ်ယားချင်စရာ လုံးလုံးလေး !!
ပါးဖောင်းဖောင်းလေးမှာမှ စံပယ်တင်မှဲ့လေးက
အတော်စားသည်။

ခက်ထန်သော နှလုံးသားWhere stories live. Discover now