Part -11

2.8K 48 5
                                    

[ အခန်း -၁၁ ]

" ကိုယ့်ကို စိတ်ဆိုးနေတာလားပေါက်စ "

" မဟုတ်ပါဘူး ဒီတိုင်း "

၀တ်စုံစမ်း၀တ်ဖို့ သွားလိုက်ပြီး
အပြန်ကတည်းက ဒီကောင်မလေး
သူ့ကို စိတ်ကောက်နေတာဖြစ်သည်။

ဘာလို့လဲ ...
စိတ်ကောက်စရာ အကြောင်းပြချက်က
ရှိမှမရှိဘဲ ဟာကို

သူ့ဘက်ကလဲ ဟာကွက်မရှိထားတာမို့
ဗျူဟာ သိပ်မတွေးဖြစ်တော့ဘဲ
ကားခါးပတ်ဖြုတ်ကာ

" အဲ့ဒါဆို ပါတီထဲ၀င်ကြရအောင်လေ "

" အင်း "

၀တ်ဆုံး‌ရွေးကြည့်ပြီးအပြန် ပါတီတစ်ခု
တက်စရာရှိသေးတယ်
ဆိုလာတာကြောင့် ရိုး
ထိုလူကြီးနောက် လိုက်ခဲ့ပေးလိုက်သည်။

နောက်လဲ အခုလိုပဲအတူသွားလာရမှာမို့
အခုကတည်းက ကျင့်သားရအောင်
သူနဲ့အတူ ပါရမီဖြည့်ပေးရမယ်လို့
ကြီးမေက မှာထားသည်။
ဒါပေမဲ့ ရိုးစိတ်ထဲသိပ်တော့မရှင်း !!

ရိုး သတ်မှတ်ထားတာက
လင်မယားတွေ ဖြစ်လာကြပြီဆိုရင်
တစ်ယောက်နဲ့တစ်ယောက်ကြားမှာ
ဖုံးကွယ်ထားမှု လျှို့ဝှက်ချက်တွေ
မရှိထားသင့်တော့ဘူး မဟုတ်လား

ဒါမဲ့ သူကကျ ...

" သတိထား ... ပေါက်စ "

" ဟင် "

အပြောနဲ့အညီ ရိုးကိုယ်လုံးလေးက
သူ့ရင်ခွင်ကျယ်ကြီးထဲ ရောက်သွားရကာ
ဘေးဘက်ကို ကြည့်လိုက်တော့
ရိုးသတိမထားမိဘဲ လျှောက်နေမိတာက
ရေကူးကန်ရဲ့ ဘေးနားဘောင်လေးကိုပင် ...

ရိုးသာ တစ်ယောက်တည်း
ဆက်လျှောက်နေမိရင်

" ဘယ်တွေစိတ်ရောက်နေတာလဲ ပေါက်စရာ
ရေထဲတွေ ကျကုန်မှဖြင့် "

သူက စိုးရိမ်မှုအပြည့်ဖြင့်ဆိုသည်။
ထိုတဒင်္ဂ အချိန်ခနလေးအတွင်းမှာကိုမှ
သူ့ရဲ့နွေးထွေးမှု ဂရုစိုက်မှုတွေထဲ
ရိုး မျောပါသွားမိပြန်သည်။

မဖြစ်ဖူး ... ဒီလူသားကို
အခုထက်ပိုပြီး တွယ်ညှိနေလို့မဖြစ်ဘူး

အတွေးတွေ လက်စသတ်ကာ
လှုတ်ခတ်သွားပြန်တဲ့ နှလုံးသားလေးကို
ထိန်းချုပ်လိုက်ရင်း ရိုးသူ့ရင်ခွင်ထဲမှ
ရုန်းထွက်လိုက်သည်။

ခက်ထန်သော နှလုံးသားWhere stories live. Discover now