Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၁၂)
တစ်လကြာပြီးနောက် မနက်ခင်းပိုင်း ဇေရာသော်တစ်ယောက် မနက်စာစားပြီး ရုံးသွား၍
ရုံးရောက်သော်အခါ အစည်းေ၀းခေါ်ကာ လက်ရှိအတွင်းရေးဦးလွင်အောင်မှာ
ပိုက်ဆံ၁၆သိန်းလိမ်ထားတာသိ၍ အလုပ်မှထုတ်ကာတရားရုံးတွေရင်ဆိုင်ခိုင်းလေသည်။ အတွင်းရေးမှုးအသစ်၀န်ထမ်းခန့်ရန် သတင်းစားတွင် ထည့်သွင်းကျော်ငြာလေသည်။တစ်ဖက်တွင်ကြာသူရိန်တစ်ယောက်ဘွဲရပညာတတ်သော်လည်း ကော်ဖီဆိုင်တွင် အလုပ်လုပ်၍ နေမကောင်းဖြစ်နေေသာမိခင်ဖြစ်သူ ဒေါ်မုဒြာကိုရှာကျွေးနေသော်လည်း တနေ့မှာ ဆိုင်ရှင်ကာအလုပ်သမားအားလုံးကိုခေါ်၍
"ရော့ဒီမှာ၃လစာ ဦးလေးဒီဆိုင်ကိုရောင်းလိုက်ပြီ ဦးလေးလဲငွေအခက်ခဲနည်းနည်းလိုလို့ ခုပိုင်ရှင်ကဒီဆိုင်ကိုဖျက်ချပြီးတိုက်ဆောက် မှာ ဒါကြောင့်ဒီနေ့ကစပြီးအလုပ်လာစရာမလိုတော့ဘူး"
"ဦးလေးရယ်ကြိုမပြောဘူးကျွန်တော်တို့ကခုဘယ်လိုလုပ်ရမှာလဲ ဦးလေးလဲစိတ်မကောင်းပါဘူးကွယ် ဒီနေ့ဆိုင်စောစောပိတ်မယ်နော် ဟုတ်ကဲ့"
ဟူး....(သက်ပြင်းချကာထွက်လာသော်ကြာသူရိန်)
"တကယ်ဟယ်ငါတို့ကခုအလုပ်လက် မဲ့တွေဖြစ်ကုန်ပြီ စိတ်လျော့လိုက်တော့ သူရ ရယ်ငါတို့ကဘာမှ ပြောလို့မှမရတာ"
ညနေခင်းဆိုင်ပိတ်ပြီးသော်အခါ မျက်နှာမကောင်း၍အိမ်ကိုပြန်လာသောအခါ နေထိုင်မကောင်းဖြစ်နေသော ဒေါ်မုဒြာမှာ
"သားငယ်ပြန်ရောက်ပြီလား ဟုတ်ကဲ့အမေ သားပြန်ရောက်ပြီ ဒေါ်လေးဘယ်ရောက် မင်းအဒေါ်လမ်းထိပ်သွားတယ် ဟုတ်ကဲ့မေမေ ဒါနဲ့သားပြောစရာရှိတယ် သားလေအလုပ်ကထွက်လိုက်ရပြီ
ဟယ်ဘယ်လိုဖြစ်တာလည်းသားရယ်... ဆိုင်ရှင်ကကော်ဖီဆိုင်ကိုပိတ်လိုက်ပြီတဲ့အ့ကြောင့်၃လစာပေးပြီးအလုပ်မနက်ဖြန်လာစရာမလိုတော့ဘူးတဲ့""အော်အေပါကွယ်.....အမေလေသေသွားတဲ့သားအဖေနဲ့သားအကိုသတိရတာ အမေလေသားကိုတောင်းပန်ပါတယ်ကွယ် အမေညံံ့လိုသားခုလို ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲနေရတာ အမေသာစီးပွားရေးကောင်းကောင်းလုပ်တတ်ရင်သားအခုလိုပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး"(ဒေါ်မုဒြာမှာငို၍ သူ့ကိုသူအပြစ်တင်ကာ ကြာသူရိန်ကိုတောင်းပန်လေသည်)