Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၅)
လာအောက် မှာမနက်စာသွားစားကြမယ် ကြာ ဘာကြိုက်တတ်မှန်းမသိလို့ မုန့်နဲ့လက်ဖက်ရည်ပဲဖျော်ထားတယ်
ဟုတ်အကို
အယ် မှားလို့ကိုကို ဟီး..လာဒီမှာလာထိုင် ကိုကိုလက်ဖက်ရည်ထည့်ပေးမယ်
ဟုတ်ကိုကို
မနက်စာစားပြီးရင်ကိုကိုအိမ်ပြန်လိုက်ပို့မယ်လေ
ရပါတယ်ကြာ ဟာကြာပြန်လိုက် မယ်
မရပါဘူးအကိုအိမ်ပြန်လိုက်ပို့မယ်
ကိုကို့သဘောပါဗျာ
စားစား ကော်ဖီတွေအေးကုန်မယ်ပြီးရင်လိုက်ပို့မယ်
ဟုတ် ဒါနဲ့ကိုကို့အိမ်မှာဘယ်သူမှမရှိဘူးလား
ဟုတ်တယ်အိမ်မှာက ကိုယ်ရယ်အဖေရယ်ပဲရှိတာအဖေကခရီးခနထွက်သွားအမေကတော့Americaမှာနေတာ
အော် ကြာ အိမ်မှာကမေမေရယ်အကိုရယ်ပဲရှိတာဖေဖေကကြာ၆နှစ်တုံးကကားအက်စီးဒန့်ဖြစ်ပြီးဆုံးသွားတာကြာပြီ
အော်စိတ်မကောင်းဘူးကြာရယ်
ဒါနဲ့မနေ့ကကြာအသက်18ပြည့်တာမလား
ဟုတ်တယ်ကိုကို
မွေးနေ့လက်ဆောင်ဘာလိုချင်ပြောကိုကိုကလေး လေး
ဟင့်အင်းဘာမှမလိုချင်ပါဘူးကိုကို ကြာ နားမှရှိနေပေးရင်ရပြီ
အမယ်စကားတွေတက်လို့ပါလား
ဟီးကိုကိုကလဲ
မနက်စာစားပြီးကြာသူရိန်ကိုအိမ်ပြန်လိုက်ပို့ပြီးကြာသူရိန်အိမ်ရောက်ရှေ့ရောက်သောအခါ ကြာသူရိန်တစ်ယောက်သူအကိုစိုးသူရိန်နဲ့တန်းတိုးလေသည်။
ကိုကို ကြာ အိမ်ထဲ၀င်တော့မယ်နော်တာ့တာ
တာ့တာာအကိုလဲပြန်ပြီနော်
ဟုတ်ကိုကို
ဟဲ့ကြာနင်ဘယ်ကပြန်လာတာလဲမနေ့ကလဲအိမ်ပြန်မအိပ်ဘူးခုနကတစ်ယောက်ကကော်ဘယ်သူလဲ
(စိုးသူရိန်)သူကသချင်္ာမေဂျာကတတိယနှစ်ကပါအကိုဇေရာသော်တဲ့ချောတယ်မလားကိုကြီး
ချောတာတွေမချောတာတွေလုပ်မနေနဲ့ယောင်္ကျားလေးဖြစ်ပြီးတော့နင်ခုကလည်းကိုကိုလို့ခေါ်တာငါကြားတယ်နော်အချိုးကြည့်ပြင် သွားခုအိမ်ထဲ၀င်
ဟုတ်ကိုကြီး
ကြာသူရိန်တစ်ယောက်သူ့အခန်းထဲရောက်သောအခါ ပိုင်လင်းသူကိုဖုန်းခေါ်သည်
တီး..တီ.!
ဟဲ့ပိုင်လင်း
အေပြောလေ
ညကငါဘာလို့အကိုဇေရာသော်အိမ်ရောက်သွားတာ
အော်အ့ဒါကလား အကိုဇေရာသော်ကနင်မူးနေတာတွေ့လို့ညလဲနက်နေတာနဲ့ နင့်ကိုအိမ်ပြန်ပို့မယ်ဆိုပြီးခေါ်သွားတာပဲအော်ငါညကတော်တော်မူးနေတာဘာမှမမှတ်မိဘူးဟယ် ဒါနဲ့ကျော့ကိုဟိန်းကော်
သူ့အိမ်မှာနေမှာပေါ့ငါတောင်ညကအရှိန်ကြောင့်ကျောင်းမသွားဘူး
အေအေ အ့ဆိုလဲဒါပဲနော်
ခနနေအုံးညကနင်နဲ့အကိုဇေရာသော်တို့ဘာဖြစ်ခဲ့ကြလဲ ဟိုဒင်းဟိုဟာကော်ဖြစ်ခဲ့ကြသေးလား
ဒီကောင်ဘာတွေလာမေးနေမှန်းမသိဘူး ငါလဲမမှတ်မိဘူးဟ မနက်ကြငါ့ကိုယ်မှာအကျီမရှိတာပဲသိ ကိုကိုပြောတာတော့နံနေလို့လျှော်ပေးထားတာတဲ့
အ့မယ်ကိုကိုတဲ့လားအ့အဆင်ထိရောက်ကုန်ပြီပေါ့
ဟီးနင်ကလဲကိုကိုကအ့လိုခေါ်ပြောလို့ပါဟဟာနင်တို့ကလဲ
အမလေးကြာသူရိန်တို့ကတော့ကံကောင်းချက်ဟေမပြောချင်ဘူး အော်ဒါနဲ့ငါမေ့မလို့ကျော့ကိုဟိန်းနိုမို့တဲ့Japanလို့တော့ပြောတာပဲ
