Part-19

203 4 0
                                    

Unicode

"ကြာ  ရင်ထဲကကြ"

အပိုင်း(၁၉)

မနက်ရောက်သော်အခါ  တစ်စုံတစ်ခုမှာအသံမြည်လာ၍  အိပ်ဆက်နေသော ဦးမင်းမှာထိုအသံကြောင့်နိုးလာလေသည်။

တီး..!!!

ရှည်လျှားတောက်​ဖျောက်နေသောထိုလက်မှာ အသံလာရာ  နာရီ၏  တန်မြည်သံဖြစ်တာကြောင့်  လက်လှမ်း၍ပိတ်လိုက်သည်။ မနက်ပိုင်းဖြစ်၍  နေရောင်ကြောင့် အခန်းတစ်ခန်းလင်းနေလေသည်။   ထိုချိန်  ဦးမင်းတစ်ယောက်  ပင်ပန်းစွာအိပ်နေသောကြာသူရိန်ဘက်သို့  ခန္ဓာကိုယ်ကိုလှည့်ကာ  မျက်လုံး နှာခေါင်း  နှုတ်ခမ်းတို့အားငေးကြည့်နေမိသည်။ 

ကြာသူရိန်ဟာ ရှမ်းတရုတ်ကပြားလေး  ဖြစ်တာကြောင့် ဖြူဖွေးသောအသားရေကိုပိုင်ဆိုင်၍ ပြေပြစ်သောခန္ဓာကိုယ် သူစိမ်းယောကျာ်းသားတွေယှဥ္လှျင် ကြာသူရိန်ဟာအကောင်ညှပ်လွန်း၏။  ဦးမင်းမှာ  ပြင်သစ်ဗမာ ကပြားလေးဖြစ်၍ ဒေါင်ကောင်းကောင်းBodyဖြစ်တာကြောင့်  ​အပြစ်အနာစာမရှိလိုပင် ခန့်ညှားလှ၏။

ဦးမင်းတစ်ယောက်  အိပ်နေသောကြာသူရိန်ကိုထားခဲ့၍  ရေချိုးရန် ရေချိုးခန်းထဲသို့သွားလေသည်။ အချိန်အနည်းငယ်ကြာ ရေချိုးပြီးထွက်လာသောဦးမင်းခန္ဓာကိုယ်တွင်  တဘက်အဖြူတစ်ထည်သာပါ၍ အောက်ပိုင်းကိုလုံအောင်၀တ်ပြီးရေချိုးခန်းထဲမှထွက်လာသည်။ ဦးမင်းတစ်ယောက်ရေချိုးပြီးတဲ့အထိ ကြာသူရိန်အိပ်ယာမနိုးသေးသောကြောင့် ကုတင်နားကိုတဖြေးဖြေးလျှောက်ကာ ကုတင်ပေါ်တတ်၍ ကြာသူရိန်ကို ဖြေးညှင်းစာနိုးလေသည်။

"ချာတိတ်  ထတော့လေကွာ  မိုးလင်းနေပြီ"

ကြာသူရိန်မှာ မျက်လုံးတဖြေးဖြေးဖွင့်လာ၍  ဦးမင်းကိုမြင်ကာလန့်သွား၍ လက်ဖြင့်အမှတ်မထင်တွန်းကာ ဦးမင်းတစ်ယောက်ကုတင်ပေါ်မှာပြုတ်ကျလေသည်။

ဝွန်း....ဒိုင်း!!!

"ကောင်လေး  မင်းဘာလုပ်တာလည်းကွ"

"ခများကကော် ဘာလုပ်နေပြန်ပြီလည်းကျွန်တော်ကို"

"ကိုယ်မင်းကိုဘာလုပ်ပါဘူးကွာ  အလုပ်သွားမို့နိုးရုံပဲပါ"

ကြာ  ရင်ထဲကကြာWhere stories live. Discover now