Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၁၆)
"ဦးမင်း ဘာလုပ်တာလဲဗျ.."
ကြာသူရိန်တစ်ယောက် ရှက်ရှက်နဲ့ အပြင်ပြေးထွက်သွားလေသည်။
ရေချိုးပြီး၍ ထွက်လာတာသော ဦးမင်းမြတ်မဟာမှာ ကြာသူရိန်ကိုမတွေ့ပဲ ခုံပေါ်တွင်စာတစ်စောင်သာတွေ့လေသည်။
(စာထဲတွင်)
ကျွန်တော်လေပိုက်ဆံကိုအတိုးနဲ့အရင်းဖြေးဖြေးချင်းဆက်ပါမယ္။ စာကိုဖတ်ပြီး ဦးမင်းမြတ်မဟာတစ်ယောက် ရီလိုက်လေသည်။
ကြာသူရိန်တစ်ယောက် အိမ်ရောက်၍
"မေမေ သားပြန်ရောက်ပြီ"
"မင်းမနေ့ကဘယ်သူသွားနေတာ"
"ကျော့ကိုဟိန်းနဲ့အပြင်သွားတာပါ"
"မင်းတို့လူငယ်တွေအရွယ်ရောက်တာနဲ့အိမ်ကိုမကပ်ဘူး"
"မေမေကလည်းတစ်ခါလေးပဲကို"
"အ့မလေးဟုတ်ပါပြီး"
"သားရေချိုးလိုက်အုံးမယ်နော်"
ရေချိုးပြီးကာ အိပ်ယာထဲခနလှဲနေချိန် ဇေရာသော်အကြောင်းကိုတွေးရင်း၀မ်းနည်းနေလေသည်။ ထိုအချိန် ဦးမင်းမြတ်မဟာကားကြောင်းကိုသတိရကာ လျော်ဖို့ပိုက်ဆံမရှိတာကြောင့် ခေါင်းရှုပ်သွား၍ တိုင်ပင်ရန်ကျော့ကိုဟိန်းကိုဖုန်းလိုက်သည်။
တီး...တီး....!!
"ဟလို....ကျော့ကိုဟိန်းလား မင်းနိုးပြီလား"
"အေ ခုမှနိုးတာ ဘာဖြစ်လို့လဲ"
"မင်းကိုလူတစ်ယောက်ကြောင်းမေးချင်လို့"
"အေမေးလေ သားရီး"
"မင်းလေ မင်းမြတ်မဟာဆိုတဲ့လူကိုသိလား"
"အော် သိတယ်လေ မင်းမြတ်မဟာက မြန်မာနိုင်ငံစီးပွားရေးလောကမှာ top ten၀င် သူဌေးကြီးဦးမြတ်မာန်ခရဲ့
တစ်ဦးထဲသောေမြး မင်းမြတ်မဟာလေ""ဟင်...."(သွားပါပြီ ငါဘ၀တော့)
"ဘာဖြစ်လို့လဲ ကြာ"
ကြာသူရိန်မှာ ကျော့ကိုဟိန်းကို ဖြစ်ေကြာင်းအကုန်ကိုရှင်းပြလိုက်သောအခါ