Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၂၆)
အရင်နှစ်တွေနဲ့မတူ
ဒီနှစ်၏Decemberဆောင်းဟာအလွန်အေး၏ မနက်ခင်းတောင်းကြီးကနေ ကားမောင်းထွက်လာကာ ရန်ကုန်သို့ညနက်တွင်ရောက်၏။ဦးမင်းဟာကြာသူရိန်ကို အိမ်သို့တန်းမပိုပေးချေ။ ကားကိုသူ၏နေအိမ်သို့သာ မောင်းသွားလိုက်သည်။
"ဦးမင်း ကျွန်တော်ကို အိမ်တန်းပို့ပေးဗျာ"
"ဟာမင်းကလည်း အချိန်လည်းကြည့်အုံး
ဒီချိန်ဆိုမင်းအမေအိပ်ပြီလေကွာ ငါအိမ်ပဲလိုက်ခဲ့"ဦးမင်း၏စကားကြောင့် ကြာသူရိန်ခနတာ
စဥ္းစားလိုက်ကာ ဦးမင်း၏စကားကိုမလွန်စံပဲ "ဟုတ်"တစ်လုံးသာပြောလိုက်သည်။ဦးမင်းမြတ်မဟာ၏ အိမ်သို့ရောက်သောအခါကြာသူရိန်မှာ ကားပေါ်မှ အထုပ်များကို ကိုယ်တိုင်ချရ၏။ အဘယ်ကြောင့်ဆိုသော ဦးမင်းအိမ်တွင် အလုပ်သမားမရှိချေ အိမ်တစ်အိမ်လုံးတွင် ဦးမင်းတစ်ယောက်သာနေ၏။ တစ်ဘက်တစ်ခါတော့အိမ်သန့်ရှင်းရေး အဒေါ်ကြီးလာ၍သန့်ရှင်းပေးသည်။
"ကြာ မင်းဗိုက်ဆာလား"
"အွန်း နည်းနည်းပါ"
"ဟုတ်ပြီ မင်း... ပစ္စည်းတွေကို အခန်းထဲပို့လိုက် ကိုယ်ခေါက်ဆွဲပြုတ်ကျွေးမယ်"
"ဟုတ်ကဲ့ ဦးမင်း"
ပစ္စည်းတွေကိုနေရာချပြီး အပေါ်ထပ်မှဆင်းလာသော ကြာသူရိန်မှာ မွှေးကြိုင်နေသော ခေါက်ဆွဲပြုတ်အနံလေးကိုရ အိမ်အောက်ထပ်ဆင်းသည်နှင့် ခေါက်ဆွဲပြုတ်အနံဟာမွှေးကြိုင်နေ၏။
"ဦးမင်း ခေါက်ဆွဲပြုတ်က မွှေးနေတာပဲဗျ"
နှုတ်ခမ်းကိုတွန့်၍ သွားတတ်လေးပေါ်အောင် ရီပြီ၍ ကြာသူရိန်အား ခေါ်လိုက်သည်။
"လာ ဒီမှာလာထိုင်"
"ဟုတ်"
ခုမှပြုတ်ထားသောကြောင့် ခေါက်ဆွဲမှာ အလွန်ပူနေ၏။ ထိုပူနေသော ခေါက်ဆွဲပန်ကန်ကို အသာအယာ နှုတ်ခမ်းမှလေဖြစ်မှုတ်ပေး၍ ကြာသူရိန်ရှေ့အား ခေါက်ဆွဲပန်ကန်ချပေးလိုက်သည်။