Part-21

161 2 0
                                    

Unicode

"ကြာ ရင်ထဲကကြာ"

အပိုင်း(၂၁)

ကြာသူရိန် သည်မနက်ခင်းရောက်သော်အခါ ဦးမင်း၏အ၀တ်စားများထည့်ထားသော ခရီးဆောင်အိတ်နဲ့အတူ သူ၏အထုပ်ပိုးများကိုကားပေါ်တွင်နေရာချလေသည်။အိမ်မှထွက်ခွာဖို့အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း ဦးမင်းအခန်းဆီသို့သွားကာ တံခါးကိုခေါက်၍ သွားရပြီဖြစ်ကြောင်း​ပြောလေသည်။

"ဦးမင်း အဆင်သင့်ဖြစ်ပြီ သွားလို့ရပြီဗျ"

ကြာသူရိန်သည်ထိုစကားပြောပြီး၍ ကားအနားသွားကာပြန်စောင့်နေလေသည်။ထိုချိန်အိမ်ထဲမှထွက်လာသော အနောက်တိုင်း၀တ်ဆုံ ကို၀တ်ဆင်ထားသောထိုအမျိုးသားသည် လက်တစ်ဖက်ကိုအိတ်ကပ်ထဲထည့်ကာ ရင်ကိုကော့၍ကျော့မော့စွာထွက်လာသော သူမှာဦးမင်းမြတ်မဟာဖြစ်သည်။ ထိုထွက်လာသော အမျိုးသားသည်ဆွေကြီးမျိုးကြီး ဖြစ်ရုံမသာမ မြန်မာနိုင်ငံ၏Top Ten၀င်သူဌေးကြီး၏မြေးပင်ဖြစ်သည်။ ထိုအမျိုးသားကို ကားနားရပ်စောင့်နေသော ကြာသူရိန်မှာ တိတ်စိတ်ငြိမ်သက်စွာရပ်ကြည့်နေလေသည်။နှလုံးသံမှာ မပြောပြတတ်အောင်ခုန်နေသည်မှာ ပေါက်ကွဲမတတ်ပေ။ထိုချိန် အနားသို့တဖြေးဖြေးရောက်လာသော် ဦးမင်းမှာ ကြာသူရိန်ဟုခေါ်သော်လည်း ကြာသူရိန်သည် ထိုအသံများကိုမကြားပဲမျက်တောင်မခက်စွာစိုက်ကြည့်နေလေသည်။

ထိုလူနှစ်ဦး၏အရပ်မောင်းမှာ အလွန်ကွာဟသည်။ ဦးမင်းမြတ်မဟာမှာ နိုင်ငံခြားသားသွေးရောသောကပြားဖြစ်၍ သူ၏အရပ်မှာဒေါင်အလွန်ကောင်သောအမျိုးသားတစ်ယောက်ဖြစ်သည်။ ကြာသူရိန်မှာ အရပ် 5"11သောအမျိုးဖြစ်သောကြောင့် သူတို့နှစ်ယောက်၏အရပ်မောင်းမှာအလွန်ကွာဟသည်။

ဦးမင်းမြတ်မဟာသည် ​ကြာသူရိန်၏ ခြေလှမ်းအနည်းငယ်အကွာတွင်ရပ်လိုက်ကာ သူ့ကိုမော့၍ငေးကြည့်နေသော ကောင်လေး၏နှာဖူးကို လက်လေးဖြစ် အသာတကြည်တောက်လိုက်ကာ

"ဘာတွေငေးနေတာလည်းကွာ"

တောက်!!!

ကြာသူရိန်တစ်ယောက်သူ၏နှဖူးပေါ် လက်တစ်စုံကြောင့် တောက်ဆိုတဲ့အသံလေးထွက် မှသာ အသိစိတ်ပြန်၀င်ကာ ခုနလေးတွင် ငေးကြည့်နေသောသူမဟုတ်သလို ချက်ချင်းမျက်နှာပြောင်းသွားကာ မျက်ခုံးများတွန့်လိုက်၍ မျက်​မှောက်ကျုပ်ကာ ကြည့်လိုက်ပြီး

ကြာ  ရင်ထဲကကြာWhere stories live. Discover now