Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၁၇)
"သူဌေးဘာဖြစ်သွားသေးလည်းရှင့်"
ေမြကြီးပေါ်လှဲကျနေသော ဇေရာသော်မှာ အံကိုကြိတ်၍ ပြန်ထကာ
"ငါဘာမှမဖြစ်ဘူး ခင်သက်နွယ်"
"ဟုတ်..ဟုတ်ကဲ့ပါ"
လူအများဝိုင်းကြည့့်၍ရှက်သော စိတ်ကြောင့် ဒေါ်သထွက်ထွက်နဲ့ ဇေရာသော်မှာ လှည့်ထွက်သွားလေသည်။
ကြာသူရိန်တစ်ယောက် ဇေရာသော်အပေါ် ထားရှိသော ခံစားချက် မှာမပျောကက်သေးသော်လည်း ရှေ့တွင်လှည့်ထွက်သွားသော သူရဲ့ကျောပြင်လေးကိုသာငေးကြည့်နေမိသည်။ ထိုချိန် ဦးမင်းမြတ်မဟာမှာ ကလေးတစ်ယောက်လို မျက်ရည်များ၀ဲ၍ မျက်ရည်စက်လေးများတစ်ဖြေးဖြေးခြင်းကျလာသော် ကြာသူရိန်မျက်နှာလေးကို ငေးကြည့်နေသည်။
၀မ်းနည်းနေသော ကြာသူရိန်ကိုနှစ်သိမ့်ပေးရန် အနားကိုတိုးကာဖက်လိုက်ကာ
"ကြာရယ် မငိုပါနဲ့လား
မင်းငိုရင် ကိုယ်မနေတတ်ဘူး"အဟင့်....အဟင့်...!!
"မင်းကို မငိုနဲ့လို့ပြောနေတယ်လေ ခုတိတ်စမ်း"
ကလေးတစ်ယောက်လိုအငိုမပျက်သောကြောင့် ဦးမင်းမြတ်မဟာ စိတ်တိုလာ၍
"မင်းကသူ့အတွက်နဲ့ အ့လောက်၀မ်းနည်းနေတယ်ပေါ့ဟုတ်လား"
မျက်တောင်မခက်ပဲတင်းမာနေသောမျက်နှာထားဖြစ် ကြာသူရိန်ကိုပွေ့ချီလိုက်ကာ ကြာသူရိန်မှာငိုနေရင်းပင်လန့်သွားကာ ကြက်သေ သေသလို ဦးမင်းမြတ်မဟာ သယ်ဆောင်သွားသည်ကို ငြိမ်သက်စွာ ပါသွားလေသည်။ ဦးမင်းမြတ်မဟာ၏ ရပ်ထားသည့်ကားနေရာကိုရောက်သောအခါ
ကားတံခါးကိုဖွင့်၍ ကြာသူရိန်ကိုကားပေါ်တင်ကာ ကာကိုစောင့်ထွက်၍ထွက်သွားလေသည်။"ဦးမင်း ကားကိုဖြေဖြေးမောင်းပါ"
ကြာသူရိန်စကားကို ေဂရုမစိုက်ပဲကားကို အသဲသန်မောင်းနေလေသည်။
ဦးမင်းမြတ်မဟာ၏ နေအိမ်သို့ရောက်သောအခါ ကားကိုအတင်းထိုးရပ်၍ ကားပေါ်ကဆင်းကာ ကြာသူရိန်ကိုလက် မှအတင်းဆွဲ၍ အိပ်ခန်းရှိရာသို့အတင်းအကျပ်ခေါ်သွားသည်။
