Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၂၂)
"အော် ကိုမဟာရဲ့ အတွင်းရေးမှူးက ချောတော့ချောသားရှင့်"
ဦးမင်းသည်တိုသူနှစ်ယောက်၏ကြားတွင် အသံမထွက်ပဲ လမ်းကိုသာရှောက်၍ အခန်းဆီသို့သွားလေသည်။
အခန်းနံပတ် 82သို့ရောက်သော်အခါ နန်းနန္ဒာထွန်းမှ လက်တွက်ကိုင်ထားသော သော့ဖြစ် ထိုအခန်းကိုဖွင့်လိုက်သည်။ ဖွင့်လိုက်သည်နဲ့အတူ ထိုသုံးယောက်ဟာအခန်းထဲကို၀င်လိုက်သည်။"အကိုမဟာ လိုတာရှိ နန်းကိုပြောနော်"
ဦးမင်းမှာ ခေါင်းကိုအသာတစ်ကြည်ညိမ့်ပြလိုက်သည်။ထိုခေါင်းညိမ့်လိုက်သည်မှာ ဟုတ်ကဲ့ဆိုတဲ့ သဘောဟု နန်းနန္ဒထွန်းသိလိုက်သည်။
"ဒါဆို နန်းသွားလိုက်ပါအုံးမယ်ရှင် အကိုမဟာတို့နားလိုက်ပါအုံး"
အခန်းထဲမှာထွက်သွားသော နန်းနန္ဒာထွန်းသည် အခန်းပြင်ရောက်တာနဲ့ ပြုံးထားသော မျက်နှာမှာချက်ချင်းတည်သွားလျှပ် ရင်ကိုကော့၍ နှုတ်ခမ်းကိုတွန့်၍ မျက်ခုံးတစ်ဖက်မှာ အပေါ်ကိုပင့်တင်ကာ အခန်းကိုလှည့်ကြည့်၍ သူ့၏အခန်းဆီသို့ကျော့မော့စွာ ပြန်သွားလေသည်။
အခန်းထဲတွင်ကျန်ခဲ့သော ထိုအမျိုးသားနှစ်ယောက် မှာ တိတ်စိတ်ငြိမ်သက်နေလေသည်။ဦးမင်းသည်ခရီးပန်းလာသောကြောင့် ကုတင်ပေါ်တွင်ခနလှဲနေသည်။ ကြာသူရိန်မှာ အ၀တ်စားများနှင့်အသုံးစောင်များကိုနေရာချနေလေသည်။ ထိုအချိန် ဖုန်းတစ်လုံးမှာ ဖုန်း၀င်လာသောကြောင့် မြည်လာသောဖုန်းအသံသည် ကြာသူရိန် ဘောင်းဘီအိတ်ထဲကပင် တိတ်စိတ်နေသောအခန်းထဲတွင် ဖုန်းအသံကြောင့် အသံဟာ ကျယ်နေလေသည်။ ခရီးပန်းလာ၍ အိပ်ယာထဲလှဲနေသော ဦးမင်းမှာ
" နားငြီးတယ်ကွာ"
ကြာသူရိန်မှာ ဘောင်းဘီထဲမှ ဖုန်းကိုထုပ်လိုက်ကာ ကျော့ကိုဟိန်းမှာ နံပတ်ဖြစ်၍ ဖုန်းကိုကိုင်လိုက်လေသည်။
ဟလို.
"ဟဲ့ယောင် မင်းဘယ်မှာလဲ"(ကျော့ကိုဟိန်း)