Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၂၄)
နန်းနန္ဒာထွန်းမှာအတင်းအကျပ်မေးနေသောကြောင့် ကြာသူရိန်မှာငြင်းမရပင် ဦးမင်းမြတ်မဟာတော့ နှုတ်ပိတ်၍သာ ခုံပေါ်ထိုင်ကာ တိတ်စိတ်နေသည်။
"အမနန်းက ဇွတ်နော် ဟဲဟဲ..."(ကြာသူရိန်)
"ပြောပါအားမနာနဲ့ မောင်လေးသွားချင်တဲ့နေသာပြောလိုက်"
"နန္ဒာထွန်း နင်အလုပ်ပြီးပြီလား"(ဦးမင်းမြတ်မဟာ)
ဦးမင်း၏အသံခက် မာမာ အသံကို ကြာသူရိန်ကြား၍ ဦးမင်းကို စိုက်ကြည့်နေမိသည်။ဦးမင်းမှာ အသံခက် မာမာပြောလိုက်သော နန်းနန္ဒာထွန်းမျက်နှာတစ်ချက်ပျက်သွားသည်။
ပျက်သွားသော မျက်နှာ ကိုမသိမသာ ပြင်ကာ အပျုံးချိုချိုဖြင့်"အလုပ်ကပြီးသင့်သလောက်ပြီးနေပါပြီ အကိုမဟာ"
"အေ အလုပ်ကိုအရင်ပြီးအောင်လုပ် ငါမခေါ်မချင်းနင်မလာနဲ့"
နန်းနန္ဒာထွန်းမျက်နှာနည်းနည်းကျုံ့မဲ့သွားကာ
"ဟုတ်ကဲ့ရှင့်"
"အ့ဆိုပြန့်လို့ရပြီ"
"ဟုတ်ကဲ့ ဒါဆို နန်းပြန်လိုက်ပါအုံးမယ် မောင်လေးသူရိန် အမပြန်လို်က်အုံးမယ်နော်"
"ဟုတ်ကဲ့"
နန်းနန္ဒာထွန်းမှာ အခန်းထဲကထွက်ချိန်တွင် မျက်စောင်းတစ်ချက်အား ထိုး၍ အခန်းထဲမှ ထွက်သွားသည်။
"ဦးမင်း"
"မိန်းမပြောလေ"
ခုနကရုပ်တည်နေသော ဦးမင်းမှာသူမဟုတ်သလိုပင် ချက်ချင်း အသံအနေအထား အမူအရာတို့အားပြောင်းသွားသည်။
"ခများနော် ကျွန်တော်ကိုမိန်းမလို့မခေါ်နဲ့ ကျွန်တော်မကြိုက်ဘူး"
"ဘာလို့လဲ.....ကိုယ်ကြိုက်တယ်လေကွာမိန်းမကလည်း"
"ဟာ ခများက တကယ်ပြောလေကဲလေ ကိုယ်အသက်ရွယ်နဲ့မှမလိုက်"
"ဟာကွာ ခုမှ၃၁နှစ်ပဲရှိသေးတာကို"
ဦးမင်း၏ ချွဲသံကြောင့်ရင်ထဲလှိုက်ခနဲဖြစ်သွားသော ကြာသူရိန်မှာ ရင်ခုန်လို့မဆုံးပေ။