Unicode
"ကြာ ရင်ထဲကကြာ"
အပိုင်း(၂၀)
ကုမ္ပဏီအ၀င်ဝရောက် ၀န်ထမ်းများမှာ ကားပေါ်က ကျော့မော့ခန်းညှားစွာ ကားပေါ်ကဆင်းလာသော ဉီးမင်းမြတ်မဟာကို
အသံဟာတစ်ပြိုင်ထဲတစ်ညီထဲ ခါးကိုင်း၍ ခေါင်းငုံ့ကာ နှုတ်ဆက်ကြသည်။"မင်္ဂလာပါ ဘော့"
ဉီးမင်းမှာ တစ်ဖက်ရှိကားတံခါးကို ကိုယ်တိုင်သွားဖွင့်၍ ကားပေါ်မှဆင်းလာ ကြာသူရိန်မှာ ထိုမြင်ကွင်းကိုကြည့်ပြီးနှုတ်ပိတ်နေလေသည်။
"ကို့နောက်ကလိုက်ခဲ့ ကြာ"
"ဟုတ်ကဲ့"
ဉီးမင်းမှာ ကြာသူရိန် လက်ကိုဆွဲ၍ ရုံးအတွင်းသို့ခေါ်သွားသည်။ ထိုအပြုမူမျိုးတစ်ခါမှမလုပ်ဖူးဘဲ အမြဲသာစိတ်တိုနေတတ်သော ဦးမင်းမြတ်မဟာကို ဝန်ထမ်းများမှာ ငြိမ်သက်စွာ မျက်တောင်မခက်ပဲ ကြည့်နေကြသည်။
လက်ကိုဆွဲခံထားရသောကြာသူရိန်မှာ ဦးမင်းလက် မှ လွတ်ရင်ရုန်းနေပြီး ဦးမင်းမှာလည်းထိုလက်ကို ကျစ်ကျစ်ပါအောင်စုပ်ကိုင်ထား၏။
"ဦးမင်း ကျွန်တော်လက်ကို နာတယ်ဗျ"
"မလွှတ်ဘူးကွာ"
"ဟာ..!!"
ဦးမင်းမြတ်မဟာမှာ သူ့ရုံးခန်းရောက် မှသာ ကိုင်ထားသော ကြာသူရိန်လက်ကိုလွှတ်လိုက်သည်။
"နာသွားလား ကလေး"
"နာတာပေါ့ဗျ...အယ်မဟုတ်ပါဘူး မနာဘူး!
လူကိုများ ကလေးတဲ့""အုံဖွ...အုံဖွ.."
ဦးမင်းမြတ်မဟာတစ်ယောက် ပြုံးပြလိုက်ကာ ပေါ်ထွက်လာသော သွားတတ်လေးကြောင့် ကြာသူရိန်နှလုံးမှာ ပေါက်ထွက် မသွားအောင်ပင် မရပ်မနားခုန်နေလေသည်။
ထိုချိန် ရုံးမန်နေဂျာမှာအခန်းကိုတံခါးခေါက်၍ ၀င်လာသည်။
"မင်္ဂလာပါဘော့"
"အေ ဘာကိစ္စလည်း"
"Christmasအတွက်တောင်ကြီးက Hotel မှာ ပရိုမိုးရှင်းအတွက် project လာပြတာပါ ဘော့"
