Part-14

235 4 0
                                    

Unicode

"ကြာ ရင်ထဲကကြာ"

အပိုင်း(၁၄)

ကြာသူရိန်မှာ  သူဌေးအခန်းထဲမှာမျက်ရည်များကျကာငိုရင်း ထွက်လာသည်ကို ရုံးက၀န်ထမ်းများမှဝိုင်းကြည့်လေသည်။

"ဟဲ့ အေးမြ"

"ဟေ"

 "အသစ်လေးငိုပြီးထွက်လာတယ်ဟ သူဌေးဘာတွေပြောလိုက်လဲမသိဘူးဟေ"

"အေးဆိုသနားပါတယ်ဟယ်"

ကြာသူရိန်တစ်ယောက် ပစ္စည်းများသိမ်းကာ ကုမ္ပဏီမှပြေးထွက်သွားသည်။ခင်သက်နွယ်တစ်ယောက် ပစ္စည်းများသိမ်းကာငိုရင်းထွက်သွားသော ကြာသူရိန်ကို ရပ်ကြည့်နေလည်သည်။

ကုမ္ပဏီမှ ပြေးထွက်လာသော ကြာသူရိန်မှာ  လူတစ်ယောက်နဲ့တိုက် မိကာ မြေပေါ်သို့ပြုတ်ကျ၍   လက်ကလေးမှာပွန်းပဲ့၍

"မင်း  လူတစ်ယောက်လုံးရပ်နေတာ  မင်းမမြင်ဘူးလား"

"ကျွန်တော်တောင်းပန်ပါတယ်....ကျွန်တော်ကိုသွားခွင့်ပြုပါအုံး"(မျက်ရည်များ၀ဲနေသောကြာသူရိန်မှာငိုသံဖြစ်ပြောလေသည်။)

"အ့မှာရပ်လိုက်စမ်း  မင်းက လူကိုလဲတိုက်သေးတယ်  ဒီလိုလွယ်လွယ်နဲ့တိုက်ပြီး ထွက်သွားတာလား"

"ကျွန်တော်တောင်းပန်ပြီးပြီလေဗျာ"

တောင်းပန်စကားပြောပြီး   လှည့်ထွက်ကာထွက်ပြေးသွားလေသည်။

"ဥက္ကဌ  ဘာဖြစ်သွားသေးလည်းဗျ"

" ဘာမှမဖြစ်ဘူး "

ကြာသူရိန်မှာအိမ်ရောက်၍  မိခင်ဖြစ်သူ ဒေါ်မုဒြာကိုပြေးဖက်လေသည်။

"သားငယ် ဘာဖြစ်လာတာတုံး မနက်ကအလုပ်သွားမို့ထွက်သွားတာမဟုတ်ဘူးလား
ခုဘာဖြစ်လာလို့ငိုနေတာလည်းသားငယ် သားကိုအနိုင်ကျင့်ကြလို့လားရုံးကလူတွေက"

"မဟုတ်ပါဘူး ဒီတိုင်းပါ၀မ်းနည်းလို့  သားအလုပ်ထွက်လိုက်ပြီအမေ"

"ဟယ်....ဘယ်လိုဖြစ်တာတုံး"

"သူမြန်မာနိုင်ငံကိုပြန်လာပြီအမေ 

"ဟိုတစ်ယောက်လား"

မိခင်ရင်ခွင်ထဲတွင်ကလေးတစ်ယောက်လို ငိုနေသောကြာသူရိန်မှာ  ခေါင်းကိုငုံ့ပြလေသည်

ကြာ  ရင်ထဲကကြာWhere stories live. Discover now