အပိုင်း ၁

482 14 0
                                    

                             ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

 

ဒီနေ့က နေသာတယ်လို့ပြောရမလားပဲ။
မိုးရာသီဆိုတော့လည်း မနက်ကရွာထားသည့် မိုးအရှိန်ကြောင့် စိုစွတ်ကာ ချမ်းစိမ့်စိမ့်ရယ်။

ရေအိုင်ငယ်လေးတွေကို ရှောင်တိမ်းရင်း လမ်းလျှောက်နေခဲ့သည်။
အင်တာဗျူးသွားဖြေရမှာဖြစ်တာကြောင့် အနည်းငယ် ရင်တုန်နေမိသည်။

ဘတ်(စ်)ကား ဆိုက်ရောက်လာသည်ကြောင့် ကားပေါ်တက်ကာ အကြွေ နှစ်ရာထည့်လိုက်သည်။
ထုံးစံအတိုင်းပေါ့ ရန်ကုန်မြို့က မနက်ပိုင်းဆို ရုံးချိန်ဖြစ်နေတာကြောင့်
လူကျပ်သည်။

" နောက်ဆုတ် နောက်ကိုဆုတ် "

ဒီလောက် လူကျပ်ရတဲ့ ကြားထဲ ဘယ်နောက်ကို သွားဆုတ်ပေးရမှာလဲ။
လူတစ်ယောက်တက်လာတိုင်း အော်နေသည့် ကားဆရာကြောင့် ကျွန်တော် စိတ်ထဲကြုံးဝါးလိုက်သည်။

ကားစီးရင် လူတိုးရတာတစ်လုပ်။
ခါးပိုက်နှိုက်ခံရမှာစိုးတာက တစ်လုပ်။
မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးပါသွားလို့တော့မဖြစ်။ သေချာကာကွယ်ရမည်။

" ကားဆရာ ရပ်! ရပ် ကျွန်မဖုန်းခါးပိုက်နှိုက်ခံလိုက်ရပြီ! "

ဟော ပြောလို့မှမဆုံးဖြစ်ပြီ။
ကျွန်တော်လည်း လူအုပ်ကိုကျော်ကာ အသံလာရာကို ကြည့်လိုက်သည်။

ကောင်မလေးတစ်ယောက်။
သနားဖို့ကောင်းပါသည်။
မျက်ရည်လေးဝဲလို့ အင်းပေါ့လေ ခါးပိုက်နှိုက်ခံလိုက်ရတာဆိုတော့လည်း တော်တော်လည်း ထူပူသွားလို့ထင်သည်။ ထမင်းချိုင့်ဘူးလေးတောင် ယူသွားဖို့မေ့နေလို့ နောက်က မြင်တဲ့တစ်ယောက်က သတိပေးရသည်။

လူတွေကလည်းလေ ကောင်းရောင်းကောင်းဝယ် လုပ်စားလည်းရတာကို အလွယ်နည်းလိုက်ကြသည်။ သူများမျက်ရည်ပေါက်ကြီးငယ်ကျမှ စားဝင်ကြတဲ့လူတွေလားမသိ။

ကိုယ့်ရဲ့ပိုက်ဆံအိတ်ကလေးကိုလည်း ကာကွယ်ရသေးသည်။
ဆင်းရမည့် မှတ်တိုင် ရောက်တာနှင့်
အမြန်ဆင်းချင်သော်လည်း လူအုပ်ကို မနည်းတိုးနေရသည်ကြောင့် နောက်နှစ်မှတ်တိုင်လောက် အထိ ပါသွားခဲ့သည်။

I want to own it Butterfly Where stories live. Discover now