꒰⑅ᵕ༚ᵕ꒱˖♡ Unicode ♡˖꒰ᵕ༚ᵕ⑅꒱
" ဇိုင်းခန့် ဒီခဏလာပါဦး "
ဒေါ်မိုးထက်ထက်နိုင်၏ အခေါ်ကြောင့် ဇိုင်းခန့် ဧည့်ခန်းထဲဝင်သွားတော့ ကောင်လေးတစ်ယောက်က ဇိုင်းခန့်အား ပြုံးပြလာတာကြောင့် သူသည်လည်း လူမှုရေးအရ ပြုံးပြလိုက်သည်။
" သူ့နာမည်က ရှင်းကျော့မောင် တဲ့ သားလက်တိုလက်တောင်းခိုင်းလို့ရအောင် အန်တီခေါ်ထားတာ ဦးမိုးကြီးရဲ့ တူပေါ့ "
ဦးမိုးကြီးဆိုတာ ဒီအိမ်ရဲ့ ခြံစောင့်ဦးလေးကြီးဖြစ်သည်။ သူ့တူဆိုတော့လည်း ဇိုင်းခန့်အဖို့ငြင်းဖွယ်ရာမရှိ။ အိမ်မှာရှိတဲ့အလုပ်သမားတွေထဲ ဇိုင်းခန့်တစ်ယောက်သာ လူငယ်မို့ အချို့ကိစ္စတွေဆို လူကြီးတွေကို ခိုင်းရမှာအားနာသည်။ ထို့ကြောင့် သူ့ထက်ငယ်တဲ့ ထိုကောင်လေးရှိနေတော့လည်း ကောင်းသောကိစ္စပဲမဟုတ်ပါလား။
" ဟုတ်ကဲ့ ကျွန်တော်လည်း လူလိုနေတာ အားနာနေလို့သာ.. "
" ထင်တယ် ထင်တယ် အဲ့ဒါကြောင့်လည်း အခုလိုစီစဉ်လိုက်ရတာပေါ့ ဦးမိုးကြီးရဲ့တူဆိုတော့လည်း သိပ်စိတ်ပူနေစရာမလိုတော့ဘူးလေ "
" လူရင်းတွေဆိုတော့ စိတ်ချရတာပေါ့
ဒါဆို အန်တီ ကျွန်တော် သူ့ကို နေရာလိုက်ပြလိုက်မယ်လေ အခုမှရောက်တာမလား "" ဟုတ်တယ် သား။ အလုပ်သမားဆောင်မှာ သားမနေတော့ဘူးမလား အဲ့ဒါဆို သားအခန်းသူ့ကိုပေးလိုက်ပေါ့ "
စိတ်မချဘူးဆိုသည့် အကြောင်းပြချက်ဖြင့် ကိုယ့်အခန်းကိုယ်မပြန်ဘဲ အိမ်ကြီးရှင်သခင်လေး၏ အခန်းတွင် နေသည်မှာ တစ်လလောက်ပင်ရှိပြီ။
" သူက ဦးမိုးနဲ့မနေဘူးလား။ ဦးမိုးရဲ့တူဆိုတော့ အတူနေတာပိုသင့်တော်မယ်ထင်တယ် ဦးမိုးအတွက် အဖော်ရတာပေါ့ "
" ဘကြီးက အဆင်ပြေပါတယ် ကျုပ်က
ဆရာ့ဆီက ဆေးကုနည်းတွေသင်ချင်သေးတာဗျ "အားတက်သရော ဝင်ပြောလာသည့် ကောင်လေးကို ကြည့်ကာ ဇိုင်းခန့်မျက်ခုံးတစ်ချက်ပင့်မိသည်။ လူငယ်ပီပီတက်တက်ကြွကြွရှိတာကိုတော့ ဝမ်းသာပေမယ့် စကားအပြောအဆိုတွေက ဇိုင်းခန့်အတွက် သိပ်တော့ ဘဝင်မကျချင်။
YOU ARE READING
I want to own it Butterfly
Fantasyလိပ်ပြာတွေက အရမ်းလှတယ် ဒါပေမယ့် သူတို့ကသိပ်ကိုဆိုးတယ် ငါ့ကိုပိုင်ဆိုင်ခွင့်မပေးပဲ ငါ့အနားဖြတ်ပျံပြီး ပိုင်ဆိုင်ချင်လာအောင်လုပ်တယ် ထွေးပွေ့ပြီး အနားခေါ်ထားချင်ပေမယ့် ထွက်ပြေးတယ် ... အစကတည်းက ငါ့ဆီမလာချင်ရင် မျှော်လင့်ချက်တွေပေးပြီးတော့ ငါ့အနားမပ...