အပိုင်း ၃

177 9 0
                                    

                            ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

" ဟျောင့်တွေ အရိုးဖြူသရဲလာပြီကွ ငါတော့ကြောက်တယ် "

ဇိုင်းခန့် ယောင်ယမ်းကာ အနောက်ကိုလှည့်ကြည့်လိုက်မိသေးသည်။ ဟုတ်တယ်လေ သူတို့က ကိုယ်လာမှ ထပြောတာဆိုတော့ ဘယ်သူ့ကိုရွဲ့ပြောနေတာလဲလို့။ ကိုယ့်ရှေ့မှာမရှိတော့ အနောက်မှာများလားလို့ပေါ့။

" ငါလည်းကြောက်တယ် သူ့အရိုးတွေကဖြူနေတယ်လေ "

ဇိုင်းခန့် အရှေ့ကို ပြန်လှည့်လိုက်ချိန် ဒေါသကထောင်းခနဲပင်။ ဒီကိုမေကိုလိုး တွေကတော့။

ဇိုင်းခန့် လက်သီးကိုကျစ်နေအောင်ဆုတ်ထားပြီး ဒေါသကိုထိန်းကာ အခန်းထဲရောက်အောင် အမြန်လျှောက်သွားလိုက်သည်။

အခန်းထဲရောက်သည်နှင့် လွယ်အိတ်ကို ဘုန်းခနဲမြည်အောင်ချလိုက်တော့ ကောင်လေးက ဇိုင်းခန့်ကို အလန့်တကြားမော့ကြည့်လာသည်။

ဘယ်လောက်ပဲ လူသတ်ချင်စိတ်ပေါက်သည်အထိ ဒေါသတွေထွက်နေပါစေ အဲ့ဒီပေါက်စီလုံးလေးရဲ့ မျက်ဝန်းညိုတွေနဲ့ဆုံလိုက်မိချိန်တိုင်း လူသတ်ဖို့မပြောနဲ့ ထွက်နေတဲ့ဒေါသ အစိတ်အပိုင်းသေးသေးလေးတွေတောင် ဟိုတစ်စဒီတစ်စလေဟာနယ်ထဲ လွင့်မျောသွားမယ်။

" အိမ်သာခဏသွားလိုက်ဦးမယ်နော် "

ဇိုင်းခန့်မချိပြုံး ပြုံးပြလျက် အခန်းထဲမှပြေးထွက်သွားသည်။ ကောင်လေးတော့ သူ မအောင့်နိုင်၍ပြေးထွက်သွားသည်ဟုသာ ကောက်ချက်ချလိုက်သည်။

»»»»»

ခွပ်!

" မင်းရဲ့စောက်ဦးနှောက်က မစဉ်းစားတတ်ဘူးလား "

ခွပ်!

" ‌စောက်မျက်မှန်တပ်ထားပြီး ကန်းနေသေးတာလား! "

ခွပ်!

" ‌စောက်လုံးက မခွဲခြားတတ်ဘူးလား ‌စောက်ဦးနှောက်ကို ဘယ်နေရာမှာအလုပ်ပေးနေတာလဲ ဟမ်! "

ခွပ်!

စကားတစ်ခွန်းပြောပြီးတိုင်း ကျရောက်လာသည့် လက်သီးချက်တွေကို အဖြူအစိမ်းကျောင်းဝတ်စုံကလေးနဲ့ ကောင်လေးမှာ ကြိတ်မှိတ်ကာ ခံစားနေရရှာသည်။

I want to own it Butterfly Where stories live. Discover now