꒰⑅ᵕ༚ᵕ꒱˖♡ Unicode ♡˖꒰ᵕ༚ᵕ⑅꒱
ဖြန်း!
ဖြူလွန်းသည်ကြောင့် ချက်ချင်းရဲတက်လာသည့် ပါးပြင်။ မိန်းကလေးတစ်ယောက်ဖြစ်နေပါသော်လည်း ညှာတာခြင်း အလျင်းမရှိ။ ကျောင်းကော်ရစ်တာ တစ်လျှောက် ကျောင်းသား များ ရုပ်ရုပ်သဲသဲဖြစ်လာ၏။
အမှတ်မထင်ဖြစ်ပျက်သွားသည့် ကိစ္စကြောင့် နီရဲနေသည့် ပါးပြင်အား လက်တစ်ဖက်ဖြင့် ဖိကိုင်တာ ဒေါသတို့ဖြင့် ဖြူဖြူဖွေးဖွေးမျက်နှာသည် ပို၍ နီရဲလာပါသော်လည်း မျက်လုံးအိမ်အတွင်း မျက်ရည်ဥတို့ကအပြည့်။
ပုရိသတို့၏ စိတ်အလုံးစုံအား ချစ်ခင်နှစ်သက်ခြင်းတို့အပြည့်ဖြင့် ကာကွယ်ပေးချင်သည့် ပုံစံငယ်လေးပင်။ သို့သော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမှ လာရောက်မကာကွယ်ပေးကြချေ။
" နင်.. နင်လိုအောက်တန်းစားက ငါ့ပါးကို ရိုက်ရဲတယ် ဟုတ်လား နင်တို့တစ်မိသားစုလုံးကို ခွေးဘဝရောက်အောင်လုပ်ပစ်လိုက်လို့ရတယ်ဆိုတာ နင်မှတ်ထား အောက်တန်းစားကောင်ရဲ့!! "
တစ်ဖက်ရှိ ကျောင်းသားသည် မချိုမချဉ်ပြုံးလျက်။
" အဲ့ဒီအောက်တန်းစားက အထက်တန်းစားပါဆိုတဲ့ မင်းကို ပါးရိုက်လိုက်တာလေ "
" အောက်တန်းစားကောင်!! နင့်မျက်နှာကို ငါမကြည့်ချင်ဘူး!! "
အပြုံးဖြင့် ရှေ့ကို ခြေတစ်လှမ်းတိုးလာသူသည် ကြောက်စရာအတိ။ ထိုအပြုံးတွေသည် မြင်ရသူအဖို့ ထိတ်လန့်ပြေးချင်စရာပင်။
" အဆင်ပြေအောင် မင်းမျက်လုံးတွေကို ဖောက်ထုတ်ပေးရမလား ဆရာဝန်သမီးဆိုတော့လည်း မင်းအဖေဆရာဝန်ကြီးက ပြန်ကုပေးမှာပေါ့ ဟုတ်တယ်မလား မြသွေးကလျာခြယ် "
အထက်တန်းစားပီပီ သူမအား နာမည်တပ်ခေါ်ခြင်းကို အလွန်မုန်းတီးသောကြောင့် ဒေါသတို့သည် ရှူးရှူးရှဲရှဲပင်။
" နင်လိုအောက်တန်းစားပါးစပ်က ငါ့ကိုနာမည်တပ်ခေါ်စရာမလို့ဘူး အောက်တန်းစားရဲ့!! "
အောက်တန်းစားလို့ တပ်ကာ အော်နေသော သူမသည်။ လူတကာအမြင် မုန်းချင်စဖွယ်။ ရပ်ကြည့်နေကြသော ကျောင်းသူလေးများနှင့် ကျောင်းသားအချို့မှာ မခံချိမခံသာဖြစ်လာကြသည်။
YOU ARE READING
I want to own it Butterfly
Fantastikလိပ်ပြာတွေက အရမ်းလှတယ် ဒါပေမယ့် သူတို့ကသိပ်ကိုဆိုးတယ် ငါ့ကိုပိုင်ဆိုင်ခွင့်မပေးပဲ ငါ့အနားဖြတ်ပျံပြီး ပိုင်ဆိုင်ချင်လာအောင်လုပ်တယ် ထွေးပွေ့ပြီး အနားခေါ်ထားချင်ပေမယ့် ထွက်ပြေးတယ် ... အစကတည်းက ငါ့ဆီမလာချင်ရင် မျှော်လင့်ချက်တွေပေးပြီးတော့ ငါ့အနားမပ...