꒰⑅ᵕ༚ᵕ꒱˖♡ Unicode ♡˖꒰ᵕ༚ᵕ⑅꒱
" ဇိုင်းခန့်... အစ်ကို့နာမည်က ဇိုင်းခန့်ဇေယျာမောင် "
" ဘယ်လို "
ဒီလောက်ရိုင်းစိုင်းနေတဲ့ ကောင်လေးက ဇိုင်းခန့်ရဲ့ ညီ။ ဟာ မဟုတ်တာ ဦးမိုးရဲ့တူဆိုပြီး ဘယ်လိုဖြစ်ပြီး ဇိုင်းခန့်ရဲ့ညီဖြစ်သွားရတာလဲ။ နောက်ပြီး ဇိုင်းခန့်မှာ ညီမရှိပါဘူး။
" သူ့မှာ ညီမရှိဘူး မင်းလာလိမ်မနေနဲ့ "
" ကျုပ်ကလည်းသူ့ညီလို့မပြောမိပါဘူး "
ဒီလောက်ရိုင်းစိုင်းနေပုံမျိုးနဲ့ဆို ရှေ့ဆက်ဘယ်လိုမှ အဆင်ပြေနိုင်မည်မထင်။
" ဟို သခင်လေး မမကြီးက အစ်ကိုလေးဇိုင်းခန့်အတွက် လက်တိုလက်တောင်းခိုင်းရအောင် ခေါ်ထားပေးတာပါ "
လွှမ်း ခေါင်းညိမ့်လျက် " သူ့ကိုနှင်းဆီသုံးအိုးပျိုးခိုင်းလိုက်ပါ "
" ဘာဗျ! ကျုပ်ကဘာလို့..အ!... "
ဦးမိုးက ကျော့မောင်ရဲ့ ခါးကိုအချိန်မီဆွဲဆိတ်ပစ်လိုက်ကာ ထွက်ကျလာမည့်စကားလုံးတို့ကိုတားဆီးလိုက်သည်။
တရွေ့ရွေ့ထွက်ခွာသွားတဲ့ wheelchair လေးနဲ့ပုံရိပ်ကလေးကိုကြည့်လျက် ဦးမိုးသက်ပြင်းသဲ့သဲ့လေးချမိသည်။
ဒီလိုမျိုးလွယ်လွယ်နဲ့အလျော့ပေးလိုက်တဲ့ဖြစ်စဉ်ဆိုတာ သခင်လေးဘဝမှာ ဘယ်တုန်းကမှ ရှိခဲ့ဖူးတာမဟုတ်။ အခုလိုအခြေအတင်ထပ်မဖြစ်တော့ပဲ အလျှော့ပေးလိုက်တယ်ဆိုတာဟာ ဘယ်လိုမှကိုမဖြစ်နိုင်တဲ့ကိစ္စ။
ပြဿနာက ပြီးသွားလို့မဆိုနိုင်သေးခင်အထိ ဦးမိုးစိတ်မချနိုင်သေး။ တစ်ဖက်ကလည်း အိမ်ကြီးရှင်သခင်လေး။ တစ်ဖက်မှာလည်း သူ့တူအရိုင်းစိုင်း။ နှစ်ယောက်စလုံးက မခေသူတွေ။ သခင်လေးခြေထောက်သာ အကောင်းအတိုင်းဆို သေချာတာတစ်ခုက ဒီနေရာမှာ လူသတ်မှုတွေဖြစ်သွားနိုင်သည်။
ဥပဒေဘွဲ့ရထားတဲ့ သခင်လေးက ဥပဒေကို လက်တစ်လုံးခြားလုပ်တဲ့နေရာမှာ သိပ်တော်တာ။ ဒီနိုင်ငံရဲ့ အကြီးစားခရိုနီကြီးတွေရဲ့ ပင်တိုင်ရှေ့နေ။ ဒါကြောင့်လည်း ခဏခဏအသက်အန္တရာယ်နဲ့ရင်ဆိုင်နေရတတ်တယ်။
YOU ARE READING
I want to own it Butterfly
Fantastikလိပ်ပြာတွေက အရမ်းလှတယ် ဒါပေမယ့် သူတို့ကသိပ်ကိုဆိုးတယ် ငါ့ကိုပိုင်ဆိုင်ခွင့်မပေးပဲ ငါ့အနားဖြတ်ပျံပြီး ပိုင်ဆိုင်ချင်လာအောင်လုပ်တယ် ထွေးပွေ့ပြီး အနားခေါ်ထားချင်ပေမယ့် ထွက်ပြေးတယ် ... အစကတည်းက ငါ့ဆီမလာချင်ရင် မျှော်လင့်ချက်တွေပေးပြီးတော့ ငါ့အနားမပ...