အပိုင်း ၆

103 4 0
                                    

       ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

ကြယ်တွေကို ရေတွက်တတ်တဲ့
မောင်က မီးမှိန်မှိန်လေးထွန်းညှိထားတဲ့
မင်းအခန်းလေးကို ငေးရင်း
တစ်ညတာကို ကုန်ဆုံးတတ်နေပြီ...

。。。

အပြင်ဘက်တွင် အတာသင်္ကြန်ပွဲအတွက် ဆင်နွှဲနေသည်မှာ ဆူညံနေပါသော်လည်း အခန်းလေးထဲက ကောင်ငယ်လေးသည် စာအုပ်တစ်အုပ်ပေါ်တွင် ရုပ်ပုံများကိုသာ ရေးဆွဲနေသည်။

အဖြူရောင်စာရွက်ကလေးပေါ်က အဝါရောင်ပိတောက်ပန်းခက်က သိပ်ကို ထည်ဝါလှသည်။

သို့သော် ပိတောက်တို့သည် မြေခနေလျက်ပေါ့။ အတူယှဉ်ကာ ကြွေကျနေသည်က နှင်းဆီပွင့်ချပ်များသာ။

ရေးဆွဲထားသော ရုပ်ပုံကလေးမှာ အသက်ဝင်လှပါသော်လည်း သေချာကြည့်လျှင် သင့်ကို ဝမ်းနည်းသွားစေမှာ သေချာပါသည်။

သို့သော် ရေးဆွဲနေသော ပန်းချီဆရာကလေးသည် သူ၏ ပုံအား ရေသေလိုမျက်လုံးမျိုးဖြင့် မမှိတ်မသုန်စူးစိုက်ကြည့်၍ အလှပဆုံးဖြစ်အောင် ဆေးခြယ်နေလေရဲ့။

ပိတောက်ဝါတွေကို လှည့်မကြည့်တတ်တဲ့ငါက မင်းကြောင့် ပိတောက်တွေကို မြတ်နိုးတတ်လာသလို မုန်းလည်းမုန်းတတ်လာတယ်။

ပန်းမခူးတတ်တဲ့ငါက မင်းကြောင့် ပန်းခူးရတာ နှစ်သက်လာတယ်။

လိုအင်ဆန္ဒမပြောနဲ့ အတ္တနည်းနည်းလေးတောင်မရှိခဲ့တဲ့ ငါက လိပ်ပြာတွေမြင်ရင် ပုလင်းထဲထည့်သိမ်းထားရမှ ကျေနပ်လာတယ်။

ငါသဘောကျတဲ့ အရာအားလုံးကို ငါ့အနားမှာပဲ ရှိနေစေချင်တယ်။ ထွက်ပြေးရင် ထာဝရပိတ်လှောင်ထားမယ်ဆိုတဲ့ အတ္တစိတ်ကလေးတောင် ရှိလာခဲ့တယ်။

ဘယ်လိုလုပ်ရမလဲ လိပ်ပြာငယ်...
ငါကမင်းထင်သလို မဖြူစင်တော့ဘူး...
အတ္တစိတ်တွေဖိုးလွှမ်းပြီး ညစ်ညမ်းလာပြီ.. ငါ့ကိုယ်ငါတောင် ကြောက်လာပြီ၊
အဲ့ဒီ့ထက် မင်းငါ့ကို ပိုမုန်းသွားမှာ ကြောက်တယ်။

I want to own it Butterfly Where stories live. Discover now