အပိုင်း ၇

87 4 0
                                    

        ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

ခွပ်!

" မင်းရဲ့အဲ့ဒီသောက်ဦးနှောက်က မစဉ်းစားတတ်ဘူးလား "

ခွပ်!

" ‌ေ-ာက်မျက်မှန်တပ်ထားပြီး ကန်းနေသေးတာလား! "

ခွပ်!

" ‌ေ-ာက်လုံးက မခွဲခြားတတ်ဘူးလား ‌ေ-ာက်ဦးနှောက်ကို ဘယ်နေရာမှာအလုပ်ပေးနေတာလဲ ဟမ်! "

ခွပ်!

စကားတစ်ခွန်းပြောပြီးတိုင်း ကျရောက်လာသည့် လက်သီးချက်တွေကို အဖြူအစိမ်းကျောင်းဝတ်စုံကလေးနဲ့ ကောင်လေးမှာ ကြိတ်မှိတ်ကာ ခံစားနေရရှာသည်။

အပေါ်မှ ခွထိုင်ကာ တစ်ဖက်ကျောင်းသား၏ အင်္ကျီကော်လံစကိုဆွဲလျက် ထိုးကြိတ်နေသောကျောင်းသားသည်လည်း ‌ဒေါသထွက်နေသည့်အတွက် ‌အလျော့ပေးမည့်ပုံမပေါ်။

" မင်းရဲ့ လောက်ထွက်ပြီး ပုပ်ပွနေတဲ့ ပါးစပ်ကို အာချောင်တဲ့နေရာမှာမသုံးပဲ တစ်စုံတစ်ယောက်ရဲ့ -ီးကိုသာ သွားငုံထားလိုက် "

" မင်းမရိုင်း.... "

ခွပ်!

" မင်း‌ေ-ာက်ပါးစပ်ကို ပိတ်ပြီး လစ်လိုက်တာကောင်းမယ် "

အလူးအလဲ ထိုးကြိတ်ခံနေရသည့်ကြားမှ အားယူကာ စကားပြောလိုက်ပါသော်လည်း ဆဲဆိုခြင်းနှင့်သာ ပြီးဆုံးသွားသည်။

လွှတ်ပေးလိုက်သည်နှင့် တစ်ချိုးတည်းပြေးထွက်သွားသော ကျောင်းသားတွေကို ကြည့်ပြီး ခဏအကြာ စုပ်တစ်ချက်သပ်လိုက်သည်။
ကျစ်!

အနည်းငယ် ညစ်ထေးသွားသည့် အိင်္ကျီအဖြူလေးကို သန့်ရှင်းဖို့ရန်ရေလိုက်ရှာရပေဦးမည်။

အသန့်အပြန့်သိပ်ကြိုက်လွန်းပါသော နှင်းဆီငယ်သာ ဤမြင်ကွင်းအား မြင်တွေ့သွားပါက သူ့အားအထင်အမြင်သေးမည်မဟုတ်ပါလား။

ခက်တာပဲ နှင်းဆီငယ်ရယ်
ဒီကောင်က ခင်ဗျားလေးကြောင့် ပွဲဆက်‌တွေများနေတာ သိရဲ့လားဗျ!

ညစ်ထေးနေသည့် နေရာတွေကို ရေ‌အနည်းငယ်လောင်းကာ လက်ဖြင့်ပွတ်သပ်လိုက်သည်။ ကြည့်ပျော်ရှုပျော်ဖြစ်လောက်ပြီဆိုကာမှ ကျောင်းစိမ်းပုဆိုးကို ခပ်ရှည်ရှည်ပြန်ပြင်စီးကာ ဆံပင်ကိုလည်းအနည်းငယ် သပ်ရပ်အောင်ပြန်ပြင်လိုက်သည်။

I want to own it Butterfly Where stories live. Discover now