အပိုင်း ၄

120 5 0
                                    

       ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

သင်္ကြန်အကြိုနေ့ဖြစ်သည့်အတွက် အိမ်တိုင်း အိမ်တိုင်း၏ အရှေ့တွင် အတာသင်္ကြန်အကြိုအိုးကလေးများ ချကာ သင်္ကြန်ကိုကြိုဆိုနေကြသည်။

မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုပွဲတော်များထဲမှ တစ်ခုအပါအဝင်ဖြစ်သော် သင်္ကြန်ပွဲတော်ကို မြန်မာလူမျိုးများအားလုံးသဘောကျနှစ်သက်ကြသည်။

သင်္ကြန်သည် ဘာသာရေးပွဲတော်မဟုတ် နှစ်သစ်ကူးပွဲတော်သာဖြစ်သည်။ သို့သော်လည်း ကုသိုလ်သဒ္ဓါတရား ကိုင်းရှိုင်းကြသော ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် ဘာသာရေးပွဲတော်သဘောလည်းဖြစ်အောင် လူကြီးမိဘများကို ကန်တော့ခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့ လွှတ်ခြင်း၊ ပရိတ်တရားနာခြင်း၊ ဘုရားစေတီများတွင် ရေသပ္ပာယ်ခြင်း၊ သင်္ကြန်ရေကစားမဏ္ဍပ်များတွင် စတုဒီသာ၊ မုန့်လုံးရေပေါ် ကျွေးခြင်းများ ပြုလုပ်ကြသည်။

သင်္ကြန်အကြိုနေ့တွင် လူကြီးများသည် ဘုန်းကြီးကျောင်းသို့သွား၍ ဥပုသ်သီလစောင့်တည်ကြသူများ၊ တရားစခန်းဝင်သူများကို ကြည့်ရှု၍ ဝမ်းသာပီတိဖြစ်မိသည်မှာ မလွဲဧကန်ပင်။

သို့သော် သင်္ကြန်အကြိုနေ့တွင် အခြားသူများနည်းတူ မပျော်ရွှင်နိုင်သူမှာ လွှမ်း တစ်ယောက်သာဖြစ်သည်။

မနက် ၆ နာရီလောက်ကတည်းက အိပ်ရာထကာ ပြတင်းပေါက်ကနေ ခြံရှေ့က ဖြတ်လျှောက်ကာ ဥပုသ်သီလစောင့်ကြရန် ဘုန်းကြီးကျောင်းသို့ ထွက်ခွာသွားကြသော လူကြီးမိဘများကို ငေးကြည့်မည်ဟု စီစဉ်တွေးဆထားသော်လည်း ဇိုင်းခန့်ဇေရာမောင် ဆိုသောကောင်၏ စကားတစ်ခွန်းကြောင့် အရာအားလုံးကြက်ပျောက်ငှက်ပျောက်။

' လေ့ကျင့်ခန်း စလုပ်မယ်' တဲ့။

" ခြေထောက်ကို ‌မြှောက်လိုက်မယ်နော် အဆင်ပြေတယ် အဆင်ပြေတယ် ဘာမှမဖြစ်ဘူး "

မနေ့က ညနေပိုင်းတွင် ခြေထောက်ကို နှိပ်နယ်ပေးကာ ယနေ့မနက်တွင်တော့ မြှောက်လိုက်ချ‌လိုက်ဖြင့် အလုပ်ရှုပ်နေရပြန်ပြီ။

I want to own it Butterfly Where stories live. Discover now