꒰⑅ᵕ༚ᵕ꒱˖♡ Unicode ♡˖꒰ᵕ༚ᵕ⑅꒱
ဟပ်ချိုး!
" သောက်ချီးပဲ! "
နီရဲရဲနှာခေါင်းလေးကို လက်ညှိုးဖြင့်ပွတ်ကာ ဆဲဆိုနေသူသည် တစ်မိုးအောက်နှစ်ယောက်မရှိနိုင်သော အလွန်တရာမှ ဖြူစင်လွန်းပါသည်ဆိုသော နှင်းဆီငယ်သာ။
ဆေးသောက်ရန်ပြင်ဆင်ပေးနေသော
ဇိုင်းခန့် ထံမျက်စောင်းသည် ဒိုင်းခနဲ။" ီးပဲ! ငါ ိုးမသား မိုးရွာနေပါတယ်လို့ပြောနေတာကို အခုတော့ငါဖျားပြီ! "
ဖျားနာခြင်းကို မုန်းတီးလွန်းပါသော နှင်းဆီငယ်သည် အအေးမိခြင်းအပေါ်တွင်လည်း အလွန်ကိုဒေါသထွက်တတ်သည်။
ကိုယ့်အမှားနဲ့ကိုယ်ဆိုတော့လည်း ပါးစပ်ပိတ်ကာ ဆေးသောက်ဖို့ပြင်ဆင်ပေးနေရသည်။
တဆိတ်! ကျွန်တော့်နှင်းဆီလေး အရမ်းဆဲတတ်လာတယ်လို့ မထင်မိဘူးလား!
ပြောင်းလဲသွားသော နှင်းဆီငယ်၏ အချို့သောအမူအကျင့်တွေကြောင့်
ဇိုင်းခန့် ကြောင်တောင်တောင်ရယ်။တစ်ခါတလေဆဲဆိုခြင်းတွေကြောင့်
ဇိုင်းခန့် မျက်လုံးပင်ပြူးကျယ်သွားရသည်။ဆဲဆိုခြင်းတွေကို ဘယ်သူကများသင်ပေးလိုက်ပါရဲ့။ အခုတော့ ဖြူစင်တဲ့နှင်းဆီလေးသည် အရိုင်းအစိုင်းလေးဖြစ်လို့။
အခြားသူတွေအတွက် ရိုင်းစိုင်းနေရင်တောင် ဇိုင်းခန့်အဖို့ ချစ်ဖို့ကောင်းသည်ဟု ထင်မြင်မိသည်။
လိပ်ပြာလေး၏မျက်လုံးအတွင်း သူ့နှင်းဆီလေး ဆိုးသွမ်းနေရင်တောင် ဒါဟာ ချစ်စဖွယ်အမူအရာလေးပါဟု နှလုံးသွင်းကာ ဆိုးသွမ်းမှုတွေကို ကိုးကွယ်လိုက်တာမျိုး။
အကြောင်းပြချက်တစ်ခုခုပေးပါဆိုလျှင် ဒါဟာ နှင်းဆီငယ် ဖြစ်နေ၍သာဟု ပြန်ဖြေရလိမ့်မည် ဖြစ်သည်။
နှင်းဆီငယ်သည် လိပ်ပြာလေးအပေါ်ဤသို့လည်း ပြုစားထားပါ၏။
" ဆေးသောက်ရအောင် "
မတိုးမကျယ်သောအသံနှုန်းဖြင့် အသိပေးလိုက်ပါသောလည်း နှင်းဆီငယ်သည် မကြားဟန်ဆာင်နေသည်။
YOU ARE READING
I want to own it Butterfly
Fantasyလိပ်ပြာတွေက အရမ်းလှတယ် ဒါပေမယ့် သူတို့ကသိပ်ကိုဆိုးတယ် ငါ့ကိုပိုင်ဆိုင်ခွင့်မပေးပဲ ငါ့အနားဖြတ်ပျံပြီး ပိုင်ဆိုင်ချင်လာအောင်လုပ်တယ် ထွေးပွေ့ပြီး အနားခေါ်ထားချင်ပေမယ့် ထွက်ပြေးတယ် ... အစကတည်းက ငါ့ဆီမလာချင်ရင် မျှော်လင့်ချက်တွေပေးပြီးတော့ ငါ့အနားမပ...