အပိုင်း ၁၁

82 2 0
                                    

         ꒰⁠⑅⁠ᵕ⁠༚⁠ᵕ⁠꒱⁠˖⁠♡ Unicode ♡⁠˖⁠꒰⁠ᵕ⁠༚⁠ᵕ⁠⑅⁠꒱

" ဒေါက်တာ "

အခန်းထဲဝင်လာတဲ့ သူ့ကို ပြုံးပြကာ ကြိုဆိုနေတဲ့ကောင်လေး။

အညိုရောင်ဆံပင်ကောက်ကောက်ကလေးတွေက အခုမှအိပ်ရာနိုးလာသည်ကြောင့် ပွယောင်းနေသည်။

အဖြူရောင်ကြိုက်တဲ့ကောင်လေးက သူ့အခန်းနံရံကအစ အသုံးအဆောင်ပစ္စည်းအဆုံး အကုန်အဖြူရောင်ကိုသာ ရွေးချယ်သည်။

အဖြူရောင်ကမ္ဘာငယ်လေးထဲနစ်မြုပ်နေတဲ့ ‌လူသားလေးက နတ်ဘုရားလေးလို ဆံနွယ်ကောက်ကောက်လေးတွေကအစ ‌ပြတင်းပေါက်ကနေဖြတ်ဝင်လာတဲ့နေရောင်ခြည်တွေကြောင့် တလဲ့လဲ့တောက်ပလျက်ပေါ့။

အညိုရောင်မျက်စံလေးတွေတောက်ပနေရင် နိဗ္ဗာန်၊ အေးချမ်းခြင်းနဲ့ပျော်ရွှင်ခြင်းလေးတွေ၊ အညိုရောင်တွေထဲအရည်ကြည်တွေ‌ဝေ့သီလာရင် ဒါဟာ ငရဲ၊ ပူလောင်ခြင်းတွေ။

တလက်လက်တောက်ပနေတဲ့ အညိုရောင်တွေဟာ သူစိတ်ကြည်နေကြောင်းကိုဖော်ပြတာ။ အရင်လို ညှိုးငယ်ပြီး ထိုင်းမှိုင်းမနေကတည်းက ကြည်လင်မှုတွေကို ရှာတွေ့ခဲ့လို့ဖြစ်ပါလိမ့်မည်။

" နေကောင်းလား ကောင်လေး "

" ကျွန်တော်နေကောင်းသွားပါပြီ ဒေါက်တာ "

တက်တက်ကြွကြွပြန်ဖြေလာတဲ့ကောင်လေးကိုကြည့်ပြီး ဒေါက်တာ ခေါင်းညိမ့်လိုက်သည်။

" နေကောင်းပေမယ့် ဆေးတော့သောက်ရဦးမယ်နော် "

ထိုအခါ ကောင်လေးက အရင်လို ငြင်းဆန်ခြင်းမျိုးမပြုလုပ်တော့ပေ။

" ကျွန်တော်ဆေးသောက်ပါ့မယ် "

ဆေးသောက်ဖို့အတွက်ပြင်ဆင်ပေးနေတဲ့သူ့ကို ကောင်လေးက လိုက်ကြည့်တော့ သူ့မှာအယောင်ယောင်အမှားမှား။

ဆေးလုံးတွေကို အရင်လိုတောင် ရေတွက်မကြည့်တော့ပါပဲ တစ်ခါတည်းမော့သောက်‌လိုက်တော့ ဒေါက်တာခဗျာ အံ့ဩမှုအထင်းသား။

" တစ်လုံးချင်းသောက်လည်းဖြစ်ပါတယ် နင်နေရင်ဘယ်လိုလုပ်မလဲ "

I want to own it Butterfly Where stories live. Discover now