ရိပေါ် "ဟင်းးးးးးခုတလော ရှောင်လေး သားလေးကို သတိတွေရနေတာ ၂ရက်၊ ၃ရက်ရှိပြီ ကျွန်တော်အသုံးမကျခဲ့လို့ ကိုယ့်ရင်သွေးကိုဆုံးရှုံးခဲ့ရတယ် ခု ချစ်ရသူကိုတော့ မဆုံးရှုံးချင်သလို စိတ်လဲမဆင်းရဲစေချင်ဘူး ဒါကြောင့် ဒီနေ့ စိတ်ပြေလက်ပျောက် အငယ်စုံတွဲနဲ့ ကျွန်တော်ပါ ရှောင်လေးနဲ့အတူ စျေးဘက်ထွက်ခဲ့ကြတယ် "
မြစ်ကြီးနားစျေးဆိုပေမယ့် ရန်ကုန်လိုတော့ ခမ်းခမ်းနားနားတွေသိပ်မဟုတ်ပါ သူ့နေရာနဲ့သူတော့ အသင့်အတင့်ပါဘဲ လေထုလဲကောင်းသလို သန့်ရှင်းလတ်ဆတ်မှုကြောင့် ဝယ်သူတွေလည်း စိတ်သက်သာတယ် လူလည်းသိပ်မရှုပ်ဘူးလေ။
ဝမ်ရှားယွင်-အကိုကြီးနဲ့အကိုရှောင်သက်သက်လျှောက်ကြည့်လိုက်ပါလား ကျွန်တော်က မေ့နဲ့စျေးလိုက်ဝယ်အုံးမယ်လေ အကိုရှောင် ဒီရောက်ထဲက ဘယ်မှကောင်းကောင်းလည်ဖြစ်တာမှမဟုတ်တာ
ချင်မေ့-ဟုတ်တယ် ကိုကို ပျင်းနေတယ်မလား ခုတလော မှိုင်နေတာ အကိုကြီးနဲ့လျောက်ကြည့်လေနော်
ဝမ်ရိပေါ်-ကောင်းပြီလေ လိုအပ်တာရှိရင် အကိုကြီးကို ဖုန်းလှမ်းဆက်လိုက်ကြားလား
Both-ဟုတ် အကိုကြီး သွားပြီ အကိုရှောင်/ကိုကိုဝမ်ရိပေါ်-ရှောင်လေး လာ ဒီဘက်သွားကြည့်ကြမယ်လေ
ရှောင်းကျန့်-ဟုတ်ရှောင်းကျန်" ကိုကြီး ကတော့ ကျွန်တော့စိတ်ပြေအောင်လိုက်ပို့လိုက်ပြနေတယ် သူ့ကိုလည်းစိတ်နာတယ် ဒါပေမယ့် မပြတ်နိုင်ဘဲ သူလာပက်သက်ရင်ယိုင်ချင်တဲ့အားနည်းတဲ့ကျွန်တော့်ကိုယ်ကျွန်တော် ပိုစိတ်ပျက်မိတယ် ခုလည်း စျေးက အမှတ်တရပစ္စည်းတွေ အသုံးဆောင်လေးတွေ ပန်းချီတွေလိုက်ပြတယ် ခုလိုဆိုတော့လည်း ပျော်မိသား သူနဲ့၂ယောက်တည်းလည်ရတာ ခုလည်းကြည့် ဟိုဟာလေးက ဘယ်လို ဒါလေးကဘယ်လိုနဲ့ မဟုတ်ရင် Guide လုပ်နေသလိုဘဲ ကိုကြီးက ချစ်ဖို့တော့ကောင်းပါတယ်"
ဝမ်ရိပေါ်-ရှောင်လေး ဒီမှာကြည့်စမ်း
ရှောင်းကျန့်- ဒါက?
ဝမ်ရိပေါ်- မြေကျောက်စုံတွဲလေးတွေလေ ခရစ်စတယ်လိုဘဲ ပြီးတော့ ဒါကတွေ့ရခဲတယ်ကွ ရေထဲမှာဆို သူဘာ့သာ ရွေ့နေတာ ပထမကရေစီးကြောင့်ပေါ့ သူ့အလေးချိန်က စိန်လိုဘဲလေးတယ်
YOU ARE READING
တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )
Fanfiction" ခင်ဗျားလွှတ်ပေးပါ ဦးဝမ်ရိပေါ်ရယ် ကျွန်တော်ခင်ဗျားနဲ့မပက်သက်ချင်ဘူး ခင်ဗျားမိန်းမစီကိုသာသွားပါ " #ရှောင်းကျန့်# " ကိုကြီးမင်းကိုသိပ်ချစ်တယ် ရှောင်လေး မင်းလေးကိုမထားသွားတော့ဘူး " ...