ဒုန်း
ဝမ်ရိပေါ်- ဒါဘယ်လိုဖြစ်ရတာလဲဟမ်!!!
ရိပေါ်ဒေါသဖြင့်အော်လိုက်သောကြောင့်ရှေ့မှာရှိသော ဝန်ထမ်းများမှာခေါင်းမဖော်ရဲ
ဝမ်ရိပေါ်-ငါမေးနေတာဖြေဖို့ ပါးစပ်မပါကြဘူးလား
ငွေစာရင်းကိုကြည့်စမ်း ငါတစ်ရက်လေးမလာမိတာနဲ့ အဲ့သလောက်ကွာရသလားဟမ် ဒါဘယ်ကစဖြစ်တာလဲ ဘယ်သူကလျော်မှာလဲ...........
ဝမ်ရိပေါ်-ဟ ငါမေးနေတာ ဖြေကြလေ ဒါဘယ်လိုရှင်းမလဲလို့ တောက်! ငါမိုက်မိုက်ရိုင်းရိုင်းတွေမထွက်ချင်ဘူး မင်းတို့ဒါကိုဘယ်လိုဖြေရှင်းမှာလဲ ငွေက ဆယ်တောင်မဟုတ်ဘူး ထောင်ကွ သိန်း၈ထောင် အဲ့ပိုက်ဆံတွေဘယ်ကိုပျောက်သွားတာလဲ
ဝမ်ရှားယွင်-အကိုကြီး ဒါ ဒါက
ဝမ်ရိပေါ်-အငယ်ကောင် မင်းသေချာမစစ်ဆေးဘူးလားဟမ် လက်အောက်ငယ်သားတွေကိုယုံလို့ငါက လွတ်ထားပေးတာ မင်းတို့အားလုံးအလုပ်ရှင်ကို ဒီလိုနည်းနဲ့ကျေးဇူးဆပ်တယ်ပေါ့ ဟုတ်လား
ဝမ်ရှားယွင်-ကျွန်တော်တောင်းပန်ပါတယ်
ထိုစဉ် အခန်းထဲသို့ အသည်းသန်ဝင်လာသော လျိုအန်း
ဝမ်လျိုအန်း-အကိုကြီး ကျွန်တော်ပြောစရာရှိတယ်
ဝမ်ရိပေါ်-အင်း
ဝမ်လျိုအန်း-ပင်ရင်းကနေ လက်ခွဲကို ပိုက်ဆံမှားပို့လိုက်လို့ကျွန်တော်လာပေးတာပါ
All ဟူးးးးးးးးးးး(တော်သေးတယ် ကိုလတ် ကယ်ပေလို့)
ဝမ်ရိပေါ်-ဘယ်သူ မှားပို့တာလဲ ဘာလို့ဒီလောက်ပေါ့ဆရတာလဲ တော်သေးတာပေါ့ လျိုအန်း လက်ခွဲဆီရောက်လို့
မန်နေဂျာ -ကျွန်တော်တို့ သေချာစာရင်းပြပြီးတင်လိုက်တာပါ ပိုက်ဆံပိုင်းကိုကျွန်တော်တို့လုံးဝမထိပါဘူး CEO ယုံပေးပါ ပစ္စည်းတွက်ငွေချေဖို့ရယ် ကျောက်တွေအတွက်သိန်း၁ထောင်ဘဲ လွှဲလိုက်တာပါ ကျန် ကျန်တဲ့ဟာကတော့
ဝမ်လျိုအန်း-ထားတော့ ဒီကိစ္စက တစ်ခုခုလွဲသွားလို့ပါ ရှားယွင်လည်းပြန်စစ်ပေါ့
YOU ARE READING
တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )
Fanfic" ခင်ဗျားလွှတ်ပေးပါ ဦးဝမ်ရိပေါ်ရယ် ကျွန်တော်ခင်ဗျားနဲ့မပက်သက်ချင်ဘူး ခင်ဗျားမိန်းမစီကိုသာသွားပါ " #ရှောင်းကျန့်# " ကိုကြီးမင်းကိုသိပ်ချစ်တယ် ရှောင်လေး မင်းလေးကိုမထားသွားတော့ဘူး " ...