Part-14

1.2K 43 0
                                    


ဝမ်ရိပေါ်" ရှောင်လေး ကျွန်တော့်ကို ဟိုနေ့ရုံးကပြန်လာကတည်းက ရှောင်နေတာ ၄ရက်ရှိပြီ ထမင်းစားရင်လည်း သားနဲ့ချင်မေ့တို့နဲ့သာစကားပြောပြီး ကျွန်တော်ကို မမြင်ချင်ယောင်ဆောင်နေတာ ညအိပ်တော့လည်း အနားအကပ်မခံ သားကိုဘဲသူအာရုံစိုက်နေတာ ကျွန်တော် နားမလည်တော့ဘူး သူလေးဘာဖြစ်နေတာလည်း မစဉ်းစားတတ်တော့ဘူး ဒီတစ်ညတော့ သားကိုရှားယွင်တို့နဲ့ပို့ပြီးသူလေးကိုမေးရမယ်"

ရှောင်းကျန့်"သားက ဒီညဦးငယ်နဲ့အိပ်ချင်တယ်ဆိုလို့ ခွင့်ပြုပေးလိုက်တာ သားလေးနဲ့မအိပ်ရတော့ရင်ထဲဟာနေသလိုဘဲ တစ်ခုခုလိုနေတယ်"

ရှောင်းကျန့် လည်းမွှေ့ယာပေါ်ထိုင်ကာ laptop လေးဖွင့်ပြီးအပ်ထားတဲ့ ပန်းအိုးဒီဇိုင်းလေးအကြမ်းဆွဲနေစဉ် နောက်ကနေ ရုတ်တရပ် ဖက်ခံလိုက်ရတာကြောင့် လန့်သွားသည်။

ရှောင်းကျန့်-အမေ့!

ဝမ်ရိပေါ်-မလန့်ပါနဲ့ ကိုကြီးပါကွာ

ရှောင်းကျန့်-ခင်  ခင်ဗျား  ခင်ဗျားဘာလာလုပ်တာလဲ

ဝမ်ရိပေါ်-ကလေးရာ မင်းဘာဖြစ်နေတာလည်း ခုတလော ကိုကြီးကို ဘာလို့ရှောင်နေတာလဲ

ရှောင်းကျန့်-မ  မရှောင်ပါဘူး ဒီလိုမလုပ်ပါနဲ့ဗျာ ကျွန်တော်မနေတတ်ဘူး  လွှတ်ပါ

ဝမ်ရိပေါ်-မလွှတ်ဘူး ရှောင်လေး ဘာဖြစ်သွားတာလည်း ဘာလို့စိမ်းစိမ်းကားကားတွေပြောနေတာလည်း

ရှောင်းကျန့်-လွှတ်တော့ဗျာ ခင်ဗျားနဲ့အနေနီးလို့မဖြစ်ဘူး

ဝမ်ရိပေါ်-ဘာလည်း အိမ်ထောင်သည်ဆိုတဲ့ဟာနဲ့ပြောအုံးမလို့လား ဒါကိုထည့်တွက်နေတာလားရှောင်လေး ဒါဆို ကိုကြီးနဲ့ ဟိုတစ်ခါရုံးမှာတုန်းကဘာလို့ လက်ခံခဲ့တာလည်း ဘာလို့ကိုကြီးကိုချစ်တယ်လို့ပြောခဲ့တာလဲ ဟမ်ကလေး

ရှောင်းကျန့်-အဲ့ဒါကျွန်တော်ရူးခဲ့လို့ ခင်ဗျားကိုသနားမိခဲ့လို့ ကုန်ကုန်ပြောမယ် ကျွန်တော်အသိစိတ်လွတ်ခဲ့လို့ရပြီလား လွှတ်ပါတော့ ခင်ဗျားကိုမြင်တိုင်းသားလေးကိုဘဲတွေးနေမိတယ် ဝမ်ယွဲ့လေးရှိပေမယ့် သားလေးနေရာမှာအစားထိုးလို့မရနိုင်သေးဘူး မုန်းတယ် အရမ်းမုန်းတယ်

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now