ပွဲပြီးသွားတော့ အားလုံးကိုယ်စီအခန်းထဲဝင်ကာ အဝတ်လဲရေချိုးသန့်စင်ရင်း ရှောင်းကျန့်တစ်ယောက် ရင်ထဲပူလာသလို ယားလာသလို တစ်မျိုးကြီးမရိုးမယွ ဖြစ်လာသောကြောင့် မနေတတ်တော့ ရေမြန်မြန်ချိုးပြီး တပတ် ပတ်ကာထွက်လာတော့ ကုတင်မှာထိုင်နေသောရိပေါ်ကြောင့် လန့်သွားရသည်။ရိပေါ်မှာလည်း ရှောင်းကျန့်အပေါ်ပိုင်းကို ရေစက်လက်နဲ့မြင်လိုက်ရသောကြောင့် တံထွေးတွေခနခနမျိုချနေရသလို ကြည်လင်သောမျက်နှာလေးနဲ့နီဆွေးနေသော နှုတ်ခမ်းပါးလေးကြောင့် စိတ်ထဲကဆန္ဒတွေပြင်းလာကာ မျက်နှာလွဲထားလိုက်မိသည်။
ရှောင်းကျန့်-ဘာ ဘာပြောစရာရှိလို့လဲ
ဝမ်ရိပေါ်-ဟို ဟိုလေ ကို ကို
ရှောင်းကျန့်-အင်းးးးးးးး
ဝမ်ရိပေါ်-အဝတ်စားလဲလိုက်အုံးလေ ခေါင်းတွေလဲ စိုနေသေးတယ် လာကိုကြီးသုတ်ပေးမယ်
ရှောင်းကျန့်-ဟို ရ ရ
ရှောင်းကျန့်စကားပင်မဆုံးလိုက် ရိပေါ်လက်ထဲကတာဝါကိုယူကာ ဆံပင်ကိုသုတ်ပေးရင်း တစ်ချက်တစ်ချက် တစ်ယောက်အသက်ရှူတဲ့လေတွေ တစ်ယောက်မျက်နှာတစ်ယောက်ရိုက်ခတ်လာသောကြောင့် ရှောင်းကျန့်မနေတတ်တော့ ဘယ်လိုအခြေနေကြီးပါလိမ့်
ရိပေါ်လည်း စိတ်ပူလို့ လုပ်ပေးကာမှ အနားကပ်မှ စိတ်တွေပိုဆိုးလာတယ် မရတော့ဘူး တကယ်မရတော့ဘူး
ရေသုတ်နေတဲ့လက်တွေရပ်သွားတော့ ရှောင်းကျန့် ရိပေါ်ကိုကြည့်လိုက်ရာ မျက်လုံးချင်းဆုံလိုက်သောခဏ ရီဝေဝေ နူးညံ့တဲ့အကြည့် အရက်နံ့သင်းသင်းလေးကြောင့် ရှောင်းကျန့်လည်း ရိပေါ်ကို လိုချင်လာသလိုလို စိတ်ကိုပြန်တင်းကာ
ရှောင်းကျန့်-ကျေးဇူး ကိုကြီး ကိုကြီးပြန်အိပ်တော့လေ ကျွန်တော်လည်းအဝတ်လဲပြီးအိပ် အင့်
ရှောင်းကျန့် ဗီဒိုထဲကအဝတ်တစ်ထည် ထုတ်ရင်းပြောနေတာ စကားမဆုံးလိုက် ကျောဘက်ကနေ ရိပေါ် ရုတ်တရက်ဖက်လာသောကြောင့် ရှောင်းကျန့် လန့်သွားရသည် ။
YOU ARE READING
တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )
Fanfic" ခင်ဗျားလွှတ်ပေးပါ ဦးဝမ်ရိပေါ်ရယ် ကျွန်တော်ခင်ဗျားနဲ့မပက်သက်ချင်ဘူး ခင်ဗျားမိန်းမစီကိုသာသွားပါ " #ရှောင်းကျန့်# " ကိုကြီးမင်းကိုသိပ်ချစ်တယ် ရှောင်လေး မင်းလေးကိုမထားသွားတော့ဘူး " ...