နေ့လည်ဘက်မှာ ရှောင်းကျန့်နဲ့ ဝမ်ယွဲ့ခြံကြီးနောက် ယုန်လေးတွေနဲ့ရေတံခွန်လေးနားဆော့နေချိန်အနားသို့ စူးရှသော အနံ့နှင့်အတူ ပန်းဆီရောင် အရင့်ဂါဝန်ကို ဝတ်ဆင်ကာ ရှောင်းကျန့်ကို အထင်သေးသောမျက်လုံးများနှင့်ကြည့်လာသူ။
ဖေးလီ-Wow သားလေးက ဒီကိုရောက်နေတာ မားဆီကိုတောင်မလာပါလားသားရယ်
ဖေးလီ စကားကြောင့် ဝမ်ယွဲ့လေးမှာ ယုန်တွေနဲ့တောင်မဆော့နိုင်ဘဲ ရှောင်းကျန့် ရင်ခွင်ထဲရောက်သွားတော့ ဖေးလီ မျက်နှာမှာဒေါသရိပ်သို့ပြောင်းကာ ရှောင်းကျန့်ကိုကြည့်ပြီး
ဖေးလီ- နင်သားကို ဘာတွေပြောထားလို့ ကလေးကနင့်အနားကပ်ရတာလဲ ဟမ် ငါနဲ့သွေးခွဲထားတာလား
ရှောင်းကျန့်-ဟမ် မဟုတ်တာမပြောပါနဲ့ ကျဲ သားက ကျွန်တော့်ကို သူသတိရကတည်းက အဲ့လိုခေါ်နေခဲ့တာပါ ပြီးတော့ သားက ကျွန်တော်တို့ဆီရောက်လာတည်းက အပြင်းဖျားနေခဲ့တာ အဲ့ဒါကြောင့်ပါ ကျဲရယ်
ဖေးလီ -ငါက နင်ပြောတိုင်းယုံရအောင်အရူးလားဟမ် ဒီမှာ ဒီကလေးကို ငါ့ယောက်ျားမွေးစားပြီဆိုကတည်းက ငါ့ကိုဒီကလေးက အမေလို့မှတ်ရမှာ
ပြောစမ်း နင်ဘာတွေသွေးခွဲထားလဲဟမ်ရှောင်းကျန့်-ကျဲ ကျဲထင်သလို တစ်ခုမှမဟုတ်ဘူးနော်ကျဲ ဒီကိစ္စအပြည့်စုံသိချင်ရင် ဦးဝမ်ရိပေါ်ကိုမေးပါ ကျွန်တော့်နဲ့သားကို မမဲပါနဲ့
ဖေးလီ- ငါက ဘာမဟုတ်တာထင်နေလို့လဲ အော် နင် ငါ့ယောက်ျားရဲ့စိတ်ကို ရဖို့အတော်ကြိုးစားလိုက်ရမှာဘဲနော် ဘယ်ကမှန်းမသိတဲ့(ဝမ်ယွဲ့လေးကို လက်ညိုးထိုးကာ)လမ်းဘေးက သူတောင်းစားသာသာ ကလေးကို ဘယ်လိုဇာတ်လမ်းတွေထွင်ပြီး မြူစွယ်ခဲ့တာလဲ ငါ့ပြန်ပြောပါလား ငါပျင်းနေလို့ပါ ပြီးတော့ နင်တို့၂ယောက် အတူတူရောချစ်ပြီးကြပြီလား ဟမ်
ရှောင်းကျန့်-ဖေးလီကျဲ ဘာလို့သားအရှေ့မှာ မဟုတ်တဲ့စကားတွေပြောနေရတာလဲ သားကနေကောင်းသေးတာမဟုတ်ဘူး စိတ်ထိခိုက်အောင်မလုပ်ပါနဲ့
ဖြောင်း
ဝမ်ယွဲ့- မား!!!!(ငိုပြီးအော်သံ)
ကြမ်းတမ်းလှသောရိုက်ချက်ကြောင့် ရှောင်းကျန့်အနားကသစ်ပင်ဘေးရောက်သွားတော့ ဝမ်ယွဲ့လေးက ရှောင်းကျန့်ဆီ သွားမယ်အလုပ် ဖေးလီက လက်မောင်းက ကြမ်းတမ်းစွာဆွဲကာ
YOU ARE READING
တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )
Fanfiction" ခင်ဗျားလွှတ်ပေးပါ ဦးဝမ်ရိပေါ်ရယ် ကျွန်တော်ခင်ဗျားနဲ့မပက်သက်ချင်ဘူး ခင်ဗျားမိန်းမစီကိုသာသွားပါ " #ရှောင်းကျန့်# " ကိုကြီးမင်းကိုသိပ်ချစ်တယ် ရှောင်လေး မင်းလေးကိုမထားသွားတော့ဘူး " ...