ရှောင်းကျန့်လည်း နေ့လည် ၂နာရီလောက်မှ မြစ်ကြီးနားမှ ကြိုဆိုပါ၏ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ လေဆိပ်သို့ ရောက်လာခဲ့တော့သည်။လူလည်းနည်းနည်းနုံးချင်တော့ ပင်ပန်းမှုဒဏ်ပိချင်နေပြီ လာကြိုမယ့်သူကိုလိုက်ရှာရသေး တစ်နေရာအရောက် သူ့နာမည်ရေးထားတဲ့ဆိုင်းဘုတ်ကို ကိုင်ကာမြောက်ကြွမြောက်ကြွနဲ့ လိုက်ကြည့်နေသော လူငယ်တစ်ယောက် ဝတ်စားထားတာက ရိုးရိုးလေးဆိုပေမယ့် မြင်သူတကာ လည်ပြန်ငေးရမလို ယောက်ျားချင်းတောင် မနာလိုဖြစ်ရမယ့် လူငယ်တစ်ယောက် ထိုသူအနား ရှောင်းကျန့်သွားတော့
ရှောင်းကျန့်-ဒီက ငါ့ညီက
ဝမ်ရှားယွင်-အကိုက အကိုရှောင်းကျန့်လား ခင်မျ
ရှောင်းကျန့်-ဟုတ်ပါတယ်
ဝမ်ရှားယွင်-ယောက်ဖ အား မဟုတ် ဟုတ်ပါဘူး
heeeee အကိုရှောင် ကန်တော့နော် ကျွန်တော်က ဝမ်ရှားယွင်ပါ ချင်မေ့ကတော့ ခရီးလှမ်းလို့အိမ်မှာကျန်ခဲ့တယ် လာ ယောက်ဖ အယ် ဒီပါးစပ်ကတော့ ဟဲဟဲ အကိုရှောင် လာအိတ်တွေကျွန်တော်သယ်ပေးမယ်ရှောင်းကျန့်လည်း ပင်ပန်းတာနဲ့မငြင်းချင် သူ့နောက်သာလိုက်တော့သည်။
ရီချင်စရာကဒီမနက်ကမှ ကိုယ့်ယောက်ဖဖြစ်သူအကြောင်းသိရတာဘဲ အင်း ဒီကောင်းလေး ခုပြောဆိုပုံကလည်း လူရည်မွန်လေး ပျော်ပျော်နေတတ်မယ့်ပုံ ငါ့နောက်ကွယ်မှာ ဘယ်လောက်တောင် ယောက်ဖခေါ်ထားလဲမသိဘူး ခုတောင်အကိုရှောင်ကိုမနည်းခေါ်နေရတဲ့ပုံနဲ့ကားကလည်းနောက်ဆုံးပေါ် လင်ခရူဆာ အနက်ကြီးနဲ့ ကျွန်တော်နည်းနည်းမျက်လုံးပြူးသွားတယ် ပြီးတော့ လာတဲ့တစ်လျှောက် ဝန်ထမ်းများက ကွက်ကြည့်ကွက်ကြည့်
ဝန်ထမ်း၁-ဟဲ့ အဲ့ဒါဝမ်ညီနောင်ထဲက အငယ်ဆုံးမလား
ဝန်ထမ်း၂-အေးဟ ခုက နောက်ကတစ်ယောက်ရဲ့အိတ်ကိုတောင်သယ်ပေးတယ် သူကိုယ်တိုင်လာကြိုတယ်
ဝန်ထမ်း၁- အံ့သြစရာဟယ် မာနခဲတွေက
ဝန်ထမ်း၂-ဟဲ့ တော်တော့ ဟိုမှာ မာနခဲလာနေပြီဝန်ထမ်း၁-မင်္ဂလာပါ အကိုလေး
ဝမ်ရှားယွင် -Inn ဒီညနေလောက် အကိုကြီးလေယာဉ်ဆိုက်လိမ့်မယ် အဲ့ဒါအိမ်ကို ၁နာရီလောက်
ကြိုအကြောင်းကြားပေးပါ
YOU ARE READING
တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )
Hayran Kurgu" ခင်ဗျားလွှတ်ပေးပါ ဦးဝမ်ရိပေါ်ရယ် ကျွန်တော်ခင်ဗျားနဲ့မပက်သက်ချင်ဘူး ခင်ဗျားမိန်းမစီကိုသာသွားပါ " #ရှောင်းကျန့်# " ကိုကြီးမင်းကိုသိပ်ချစ်တယ် ရှောင်လေး မင်းလေးကိုမထားသွားတော့ဘူး " ...