ဝမ်ရိပေါ်- ဝမ်ယွဲ့နဲ့ဘာပက်သက်မှု ရှိလို့လဲ
ဝမ်ချောင် -မင်း ငါတို့ကိုအရူးလုပ်မယ်လို့တော့မစဉ်းစားနဲ့ဟေ့ရောင်
ချွေ့ဖုန်း - မင်းတို့ ငါ့စကားမဆုံးသေးဘဲဖြတ်မပြောနဲ့ ငါစိတ်မရှည်ဘူး ဒီလိုကွာ လွန်ခဲ့တဲ့ ၃နှစ်လောက်က ငါတို့မူးယစ်ဂိုဏ်းတွေထဲမှာ Key ဆိုတဲ့လူငယ်တစ်ယောက် နာမည်ရလာတယ် သူလည်းရက်စက်တာဘဲ သတ်တာမှ ငါ့ထက်ကြောက်ဖို့ကောင်းသေးတယ် ဒါပေမယ့် ဒီကောင်က ဆေးနဲ့လက်နက်ဘဲရောင်းတာ ကျန်တာသူမလုပ်ဘူး ထူးဆန်းတာက ဦးဖေးဟုန်ကို ရည်ရွယ်ချက်ရှိရှိကပ်ခဲ့တာဘဲ ဖြစ်ချင်တော့ ငါ့စခန်းကို သူတို့၂ ယောက်လာခဲ့တော့ ထျန်းမင်ဆိုတဲ့ကလေးကို မြင်သွားကြတယ် အဲ့ကလေးက ငါသိခဲ့တဲ့ နျဲ့ဟွိုက်ဆန်း နဲ့ရှောင်းကျန့် ရဲ့ကလေးလို့ထင်ပြီးမသတ်ဘဲ ငါနှိပ်စက်နေခဲ့တာ
ရှောင်းကျန့် - လူယုတ်မာကောင်
ချွေ့ဖုန်း-Baby! ကို ပြောလို့မပြီးသေးဘူးနော် အဲ့လို ကလေးကိုမြင်ပြီး ငါ့မေးတော့ ငါဖြေလိုက်တယ် ဦးဖေးဟုန်က မင်းနဲ့ရတဲ့ကလေးဆိုတာကိုး မပြောပြခဲ့ဘူး ငါမသိပေမယ့် Key ဆိုတဲ့အကောင်က သိသွားခဲ့တယ် ဒီတိုင်းထားမယ့်အစား ဝန်ပိုတယ် သတ်လိုက်ဆိုပြီး သူစကားစခဲ့တယ် ငါလည်း မထိန်းချင်တော့ ခွင့်ပြုလိုက်တာပေါ့ ဘယ်သူထင်မလဲ ရက်စက်လွန်းတယ်လို့ နာမည်ရခဲ့တဲ့သူက ကလေးတစ်ယောက်ကို ဂေဟာတစ်ခုမှာ မွေးစားခဲ့တယ် အဲ့ကောင်ဘယ်လောက်အလိမ်တော်လည်းဆို ဉာဏ်များတဲ့ဦးဖေးဟုန်တောင် မရိပ်မိခဲ့ဘူး အချိန်ကြာလာတော့ ဦးဖေးဟုန် ရောဂါရလာတယ် ဘာကြောင့်လဲသိချင်သေးလား အဲ့ကောင် Key ကိုယ်တိုင် ဦးဖေးဟုန် မှတ်ဉာဏ်အားနည်းအောင်လုပ်ပြီး အယ်လ်ဇိုင်းမားဒီဇိုင်းဖမ်းခဲ့တာ ဦးနှောက်သွေးကြောပြတ်ပြီး ဆုံးတယ်လို့သတင်းလွှင့်တယ် အလောင်းကိုအစားထိုးတယ် သူကတော့ သူ့စခန်းမှာဦးဖေးဟုန်ကို ရည်ရွယ်ချက်ရှိရှိဖွက်ခဲ့တယ် ပြီးတော့ မင်းတို့ရဲ့ ပစ္စည်းတွေကို ကြားဖြတ်လုခဲ့တာလည်း အဲ့ကောင် Key ဘဲ နောက်ပြီး ငါ သိန်း၈ထောင် ပျောက်အောင်လုပ်ပြီး ရှားယွင်ကို အပြစ်ဖို့ဖို့ကြိုးစားပေမယ့်လည်း Key ကဘဲ ပြန်စိုက်ပေးသွားခဲ့တယ်
YOU ARE READING
တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )
Fanfic" ခင်ဗျားလွှတ်ပေးပါ ဦးဝမ်ရိပေါ်ရယ် ကျွန်တော်ခင်ဗျားနဲ့မပက်သက်ချင်ဘူး ခင်ဗျားမိန်းမစီကိုသာသွားပါ " #ရှောင်းကျန့်# " ကိုကြီးမင်းကိုသိပ်ချစ်တယ် ရှောင်လေး မင်းလေးကိုမထားသွားတော့ဘူး " ...