မနက်မိုးသောက်အာရုဏ်ရောက်သော် ကျေးငှက်လေးတွေရဲ့ နေမင်းကို ကြိုဆိုသော တေးသီချင်းများဆိုညည်းနေသည်မှာ စိတ်နှလုံးကိုကြည်နူးစေသလို ရုတ်တရက်ရှောင်းကျန့် မျက်နှာလေးရဲကာ တစ်ယောက်တည်း နှုတ်ခမ်းကိုက်ရင်း ညကအိမ်မက်ကို ပြန်တွေးနေမိသည်။
သူ့နှုတ်ခမ်းသူကိုင်ရင်းရှောင်းကျန့်-ညက အေးလို့ ငါစိတ်ကယောင်ခြောက်ခြားမက်တာလား အိမ်မက်ကြီးကလည်း ကိုကြီးက အယ် မဟုတ်ပါဘူး ဦးဝမ်ရိပေါ်က လာနမ်းတယ်တဲ့ အဓိပ္ပာယ် မရှိလိုက်တာ သူကအိမ်ထောင်သည် ဟင်းးးးးရှောင်းကျန့်ရှောင်းကျန့် ကာမပိုင်ကိုပစ်မှားချင်နေတယ် မနက်စောစောစီးစီး အမှတ်မရှိတဲ့ငါ
သူ့ကိုသူ ဆုံးမရင်း ကိုယ်လက်သန့်စင်ကာ ဘုရားခန်းသို့ခြေဦးလှည့်တော့ လေးလေးချစ်နဲ့မိန်းကလေး၂ဦးက ပန်းနဲ့သောက်တော်ရေ လဲလှယ်နေသည်ကိုရှောင်းကျန့်ဝင်ကူရင်း ဘုရားရှစ်ခိုးနေတာကို လေးလေးချစ်နဲ့ကောင်မလေးများကလည်း ပြုံးပြီးကြည့်နေသလို သူတို့နောက်က လှေကားထိပ်နားမှာလည်း ကျေနပ်သောအပြုံးနှင့် သူလေးကိုငေးနေသည်ကိုတော့ဘယ်သူမှသတိမထားမိလိုက်ကြပေ။
ရှောင်းကျန့်လည်း ဘုရားရှစ်ခိုးပြီးနောက် ထမင်းစားခန်းသို့ဝင်ချိန် မီးဖိုချောင်မှာ တကုပ်ကုပ်နဲ့ တွတ်ထိုးနေသော ၂ယောက်ကို ရှောင်းကျန့် စလိုက်သည်။
ရှောင်းကျန့်-ဟေ့ ဘာတွေစားနေတာလဲ
ဝမ်ရှားယွင်-ဘယ်ကသာ ယောက်ဖရာ ဒီမှာလေ မေ့ ပေါ့ မုန့်ဟင်းခါးချက်တာ သိလျက်နဲ့ ကျွန်တော့ညာခိုင်းနေတာ ခုကြက်သွန်မွန်လို့ ကျွန်တော်ငိုချင်လာပြီ
ချင်မေ့-ငိုတော့ မငိုပါနဲ့ ကိုရယ် ချက်စရာလေးနည်းနည်းကျန်သေးတယ်နော် အလုပ်ပြီးမှငိုချင်သလောက်ငို လာမချော့ဘူး
ဝမ်ရှားယွင်-ဟမ် တွေ့လားယောက်ဖ ဒါ ဒါကျွန်တော့်ကိုအချစ်တွေလျော့လာတာ မဟုတ်ဘူး အကိုကြီးနဲ့ အကိုရှောင် အားကိုးနဲ့သားသားကိုအနိုင်ကျင့်နေတာ ငါ အကိုကြီးနဲ့တိုင်ပြောမယ်ကြည့်နေ
ရှောင်းကျန့်-ကဲပါ ကလေးတွေလည်းမဟုတ်ဘဲနဲ့ လင်မယား၂ယောက် စနေကြတယ် ဒါနဲ့ မုန့်ဟင်းခါးက ဘယ်သူစားတာလဲ
![](https://img.wattpad.com/cover/356913161-288-k876002.jpg)
YOU ARE READING
တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )
Fiksi Penggemar" ခင်ဗျားလွှတ်ပေးပါ ဦးဝမ်ရိပေါ်ရယ် ကျွန်တော်ခင်ဗျားနဲ့မပက်သက်ချင်ဘူး ခင်ဗျားမိန်းမစီကိုသာသွားပါ " #ရှောင်းကျန့်# " ကိုကြီးမင်းကိုသိပ်ချစ်တယ် ရှောင်လေး မင်းလေးကိုမထားသွားတော့ဘူး " ...