Part-27

1K 41 0
                                    

ရိပေါ်တို့ စားသောက်ပြီး အလုပ်သွားရန်ပြင်တော့
လေးလေးချစ်နဲ့ ချင်မေ့ကို ရှောင်းကျန့်တို့သားအဖအပြင်မထွက်ဖို့နဲ့ တစ်ခုခုဆိုလှမ်းအကြောင်းကြားဖို့မှာကာ ညီအကို ၃ယောက် ကားကိုယ်စီနဲ့အလုပ်ခွင်သို့ထွက်ခွာသွားတော့သည်။

ထိုချိန် ကားမောင်းရင်း ဖုန်းလာသောကြောင့် လျိုအန်း ပြန်ထူးလိုက်သော်

ဝမ်လျိုအန်း-ဘာလဲ

စူးရှဲ့- ဟေ့ရောင် အဘိုးကြီးကမင်းကိုမေးနေတယ်ကွ

ဝမ်လျိုအန်း - ဟ ဆေးရှိန်နဲ့ဆို နောက်တစ်နာရီမှ နိုးမှာကို ခုဘယ်လိုဖြစ်တာလဲ မင်းတို့ပေါ့ဆလှချည်လားကွ

စူးရှဲ့ - ငါလည်းမသိလိုက်ဘူး ပုံမှန်တိုင်းဆေးပေးထားတာဘဲကွာ သူ့သွေးကြောတွေက မော်ဖင်းပိုလိုချင်နေတာထင်တယ် ငါ

ဝမ်လျိုအန်း-နေ မင်းဘာမှမလုပ်နဲ့ အဲ့အဘိုးကြီးဘယ်မှမသွားစေနဲ့ ငါလာတာနဲ့အဲ့အခန်းထဲမှာဘဲ မြင်ချင်တယ်

တောက်ခ်!

ဖုန်းချပြီးတာနဲတစ်ဖက်ခုံပေါ်ပစ်တင်ကာ ကားကိုအရှိန်တင်လိုက်ပြီး တစ်နေရာသို့ဦးတည်ခဲ့သည်။

30 min လောက်မောင်းပြီးသော် လူသူရှင်းပြီး တံခါးမရှိတဲ့ခြံကြီးထဲမောင်းလာကာ တောဘက်လိုအနက်ရောက်မှ ကားကိုထားခဲ့ပြီး မျက်နှာဖုံးအနက်တစ်ခု တပ်ကာတောထဲသို့ ဝင်လာခဲ့သည်။

10 min ကြာ လမ်းလျောက်ပြီးနောက် ၂ထပ်တိုက်ဖြူကြီးထဲသို့ဝင်လာသော် အထဲက တပည့်များလို့ထင်ရတဲ့ သူများက အရိုအသေပေးကြရာ မျက်နှာဖုံးနဲ့သူကတော့ ခပ်တန်းတန်းသာ လျှောက်လာချိန် အပေါ်ထပ်မှ ဆင်းလာသူက

စူးရှဲ့- Key မင်းလာပြီလား

ဝမ်လျိုအန်း(Key)- ဟို အဘိုးကြီးရော

စူးရှဲ့-အခန်းထဲမှာ မင်းကိုမတွေ့လို့သောင်းကျန်းနေတယ်

ဝမ်လျိုအန်း(Key)-ငါသွားလိုက်မယ် ဆေးအဆင်သင့်ဘဲမလား

စူးရှဲ့-အေး ငါစားပွဲပေါ်တင်ထားတယ် ငါလိုက်----

ဝမ်လျိုအန်း(Key)-မလိုဘူး

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now