Part-11

1.1K 44 0
                                    

နောက်တစ်နေ့မနက် ရှောင်းကျန့်အိပ်ယာကနိုးလာတော့ ရင်ခွင်ထဲကနေ ဖက်ထားတဲ့သားလေးကိုငုံ့ကြည့်ပြီးပြုံးကာ နဖူးလေးကို တစ်ချက်နမ်းပြီး သူလေးမျက်နှာကို စိုက်ကြည့်နေမိသည်။

ရှောင်းကျန့်-သားလေးက ကိုကြီးနဲ့တူလိုက်တာ ဘယ်သူ့သားလေးပါလိမ့် သေချာကြည့်လေ ကိုကြီးမှ ကိုကြီး အဟင်းးးးးးးတော်သေးတယ် လူတတ်လေးက သူ့ဒယ်ဒီကိုခေါ်အိပ်နေတာ ဟိုက အလုပ်ရှိသေးလို့ဆိုပြောမှ ဟွင့် သားက ငါ့ထက်ကိုကြီးပိုခင်တွယ်နေသလိုဘဲ

ထိုချိန် အခန်းထဲဝင်လာသော သူကြောင့် ရှောင်းကျန့်ပြန်တည်သွားသည်။

ဝမ်ရိပေါ်-ရှောင်လေး သားလေးမနိုးသေးဘူးလား

ရှောင်းကျန့်-ဟုတ်တယ် ညက ဆေးရှိန်နဲ့မနိုးသေးတာပါ

ဝမ်ရိပေါ်-အင်းးးးးး ရှောင်လေးအရင်မျက်နှာသစ်ရင်သစ်လေ သားကို ကိုကြီးဘဲနှိုးလိုက်မယ်

ရှောင်းကျန့်-ရပါတယ် ကျွန်တော်ဘဲ လုပ်လိုက်ပါ့မယ်

ဝမ်ရိပေါ်-မဟုတ်တာ ရှောင်လေးရာ ကိုက သားရဲ့ဒယ်ဒီလေ ကိုကြီးမှာလည်းလုပ်ပေးပိုင်ခွင့်ရှိတယ်မလား

ရှောင်းကျန့်-ကျွန်တော် ခွင့်မပြုဘူး သားကနောက်ဆို ကျွန်တော်နဲ့နေရမှာ သားကိုအကျင့်ဖြစ်အောင်မလုပ်ပါနဲ့

ဝမ်ရိပေါ်-ရှောင်လေး မင်းမှာအဲ့လိုပြောပိုင်ခွင့်မရှိဘူးနော်

ဝမ်ယွဲ့-အဟင့်ဟင့်ဟင့်အင်း

ရှောင်းကျန့်-အယ် သားလေး အိုးးးးတိတ်ပါကွယ်
ဘာလို့ငိုရတာလဲ

ဝမ်ရိပေါ်-သား နိုးလာပြီလား မျက်လုံးတွေအဲ့လောက်မပွတ်ရဘူးလေ မျက်ကြည်လွှာထိခိုက်မယ် သားရဲ့

ဝမ်ယွဲ့-အဟင့် မားနဲ့ဒယ်ဒီ ရန်ဖြစ်နေကြတာလားဟင်

ဝမ်ရိပေါ်-မဟုတ်ပါဘူး သားရယ်

ဝမ်ယွဲ့-ခုနက ဒယ်ဒီက မားကိုအော်လိုက်တာမလား

ဝမ်ရိပေါ်-မဟုတ်ပါဘူး သားရယ် ဒယ်ဒီကသားကိုလာနိုးတာပါကွ

ဝမ်ယွဲ့-တကယ်လားဟင် မား မားကို ဒယ်ဒီကဆူနေတာလားဟင်

ရှောင်းကျန့်-အဟင်းးးးမဟုတ်ပါဘူး သားရယ် ဒယ်ဒီက လာနိုးတာပါ မားပြောတာယုံနော် မငိုနဲ့တော့

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now