Part-23

989 33 0
                                    

Flash back end

၂ယောက်လုံးကောင်းကင်ကိုကြည့်ရင်း မျက်ရည်တစ်စက်ပါးပြင်သို့သက်ဆင်းချိန် တိုက်ဆိုင်စွာ ကောင်းကင်က ကြယ်လေးတစ်ပွင့် ကြွေသွားသည်ကိုမြင်ကာ ၂ယောက်သား တူညီသောဆုတောင်းကို ဆုတောင်းခဲ့ကြသည်။

ဝမ်ရိပေါ်/ရှောင်းကျန့် - ကျွန်တော်တို့ မိသားစုလေးကိုဆုံစည်းခွင့်ပေးပါ

မနက်မိုးလင်းချိန် ဝမ်ရိပေါ်အခန်းကို ဆက်တိုက်တံခါးခေါက်နေသော်လည်း မဖွင့်သောကြောင့် သူ့ဘာသာဖွင့်ဝင်ကာ မျက်နှာကိုဆူပုတ်ပြီး ကုတင်ပေါ်မှာအိပ်နေသော ရိပေါ်ပါးကိုနမ်းလိုက်သည်။

ဝမ်ယွဲ့- ဒယ်ဒီ ဒယ်ဒီ ထတော့လေ ထထ မိုးလင်းနေပြီကိုး ဒယ်ဒီ အိပ်ပုတ်ကြီးထထ အနံ့ကလည်းဆိုးလိုက်တာ ဒယ်ဒီက ညစ်ပတ်ကြီး

ဝမ်ရိပေါ် - အင်းးးးးဟင်းးးးးးးး ဟာ သားလေး ဘယ်တုန်းကရောက်နေတာတုန်းကွ

ဝမ်ယွဲ့-ခုနကမှပါ ဒယ်ဒီ ထတော့ မနက်၈နာရီရှိနေပြီ အလုပ်နောက်ကျတော့မယ်

ဝမ်ရိပေါ်-အင်းပါကွာ ညကဒယ်ဒီအလုပ်ကိစ္စတွေကြောင့် မိုးမလင်းခင်မှအိပ်ပျော်သွားလို့ပါကွာ
ရွှတ် ခုထပြီနော် ဟုတ်ပြီလား

ဝမ်ယွဲ့-ဟုတ် ဒါဆို သား မားကိုသွားနိုးလိုက်အုံးမယ် ဒယ်ဒီ ရေမြန်မြန်ချိုးနော်

ဝမ်ရိပေါ် - ဟုတ်ပါပြီဗျ သွား သားလေး  မားကိုသွားနိုးတော့

ဝမ်ယွဲ့ -  မားရေ  မားးး! ဟင့် မားကလည်း ဒယ်ဒီ့လိုအိပ်ပုတ်ဘဲ မား မားရေ သားသားလာနိုးပါတယ် မားထတော့နော် နော် မား

ရှောင်းကျန့်-အင်းးးးးးးးးဟင့် အင့်းးး အမ် သားလေး အားယွဲ့ ဘာဖြစ်လို့လဲ

ဝမ်ယွဲ့-ထတော့လေ မားရဲ့ ၈နာရီကျော်နေပြီဟာ ဒီနေ့ ဒယ်ဒီကော မားကော အိပ်ပုတ်တယ်နော်

ရှောင်းကျန့်-ဒါဆို မားက ဟော့ဒီလိုနမ်းပြီးချော့မယ်ဆိုရင်ရော ရွှတ်

ဝမ်ယွဲ့ - ဒါဆိုရင် ခွင့်လွှတ်ပေးရမှာပေါ့ ထတော့နော် မား အောက်မှာတီတီလေးနဲ့ဦးငယ်ကပြင်နေပြီ ဦးလတ်လဲနိုးနေလောက်ပြီ တစ်အိမ်လုံးမှာ ဒယ်ဒီနဲ့မားဘဲကျန်တော့တာ

တစ်ခါတုန်းက ချစ်သူ (or) အပြာရောင်ချစ်ညလေးများ ( Complete )Where stories live. Discover now